82.2

11.6K 2K 33
                                    

Unicode

နောက်တစ်နေ့တွင်—

ဒီနေ့ကတော့ စတူဒီယိုကို သွားစရာမလိုသည့် ရှားရှားပါးပါး Weekendဖြစ်လေသည်။

ရှီယွင်နန် နိုးလာသည့်အခါ ဝီရိယရှိသည့်ရွှေငါးလေးကတော့ မနက်ခင်းစာသင်ချိန်များကို တက်ပြီးသွားတာကြောင့် ခြံနောက်ဘက်က ဘဲလေးတွေကို သွားကြည့်နေသည်။

အိမ်တော်ထိန်းချင်ဆီမှ အရိပ်အမြွက်သိရပြီးနောက်၊ ရှီယွင်နန် ခြံနောက်ဘက်သို့ လျှောက်သွားလိုက်သည်။

"ကွပ် ကွပ် ကွပ် အဲဒါ မင်းဟာမဟုတ်ဘူးလေ! မင်းစားလို့ မရဘူး!"

"ဒီမှာ ဒီမှာ တစ်ယောက်ကို တစ်ပန်းကန်စီ၊ ငါ့ရှုရှုကပြောတယ် တခြားသူရဲ့ပစ္စည်းကို မခိုးရဘူးတဲ့"

"စားကောင်းလား? မြန်မြန်ကြီးလာကြရမယ်နော်!"

ရွှေငါးလေး၏ ကလေးဆန်ဆန် စကားလေးတွေကို ကြားသည့်အခါ ရှီယွင်နန် ပြုံးမိသွားပြီး ပိုမြန်မြန်လှမ်းသွားလိုက်သည်။ ခဏအကြာမှာပဲ အိမ်မွေး ဘဲလေးတွေ စားနေတာကို ထိုင်ကြည့်နေသည့် ရွှေငါးလေးကို သူတွေ့လိုက်ရ၏။

ဘဲလေး သုံးကောင်ရကတည်းက ရွှေငါးလေးတစ်ယောက် ယွမ်မုန်ကို ခြံသေးသေးလေးဆောက်ခိုင်းပြီး နေ့တိုင်း ကျောင်းဆင်းသည်နှင့် ခဏတဖြုတ်လာကြည့်တတ်သည်။

"ရွှေငါးလေး" ရှီယွင်နန် အော်ခေါ်လိုက်တော့

ရွှေငါးလေးက နောက်ပြန်လှည့်ကြည့်လာ၏။ ရှီယွင်နန်ကို မြင်သည်နှင့် သူက ခြံစည်းရိုးတံခါးလေးကို ဖွင့်ကာ ပြေးလာတော့လေသည်။

အစားစားနေသည့် ဘဲလေးသုံးကောင်မှာ ရွှေငါးလေး၏ အမြှီးလေးတွေအတိုင်း သူ့နောက်ကနေ ချက်ချင်း ပြေးလိုက်လာကြသည်။

ဒီပုံစံလေးမှာ ချစ်ဖို့ကောင်းလွန်းတာကြောင့် ရှီယွင်နန် အသံထွက်မရယ်ဘဲ မနေနိုင်တော့။

"ဖိုးဖိုးချင်က ပြောတယ် အတန်းပြီးတာနဲ့ ဒီကို တန်းလာတာဆို? အိမ်စာကော လုပ်ပြီးပြီလား?"

ရွှေငါးလေးက ရှက်ကိုးရှက်ကန်းပုံစံလေးဖြင့် ခေါင်းလေးခါယမ်းလိုက်သည်။ "...ရှောင်ရှုရှု သား အပေါင်း အနုတ်သင်္ချာပုစ္ဆာတွေ ပြီးသေးဘူး"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now