48.2

14.7K 2.6K 257
                                    

Unicode

ရှီယွင်နန်တစ်ယောက် စက္ကန့်အနည်းငယ်ကြာ မှင်တက်သွားပြီး ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားတော့သည်။

ယွီရှော့ရဲ့ ကွေ့ပတ်ပြောတဲ့စကားက မပြည့်စုံပေ။ စကားလုံးတွေနဲ့သာ  တခြားသူတွေကို လှည့်စားရင် အလုပ်ဖြစ်လောက်ပေမယ့် သူ့ရှေ့မှာတော့ ဒါကအလုပ်မဖြစ်ပေ။

ထုတ်မပြောလိုက်ရတဲ့ ဒီနာမည်ဟာ လော့လင်းရှန်းရင်ထဲမှာ အကြာကြီးရှိနေခဲ့တဲ့ လရောင်ဖြူလေး ဖြစ်လောက်တယ်မလား?

"နောက်ကျနေပြီ ယွီရှော့၊ နောက်နေ့တခြားအချိန်မှပဲ ထပ်တွေ့ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် လော့လင်းရှန်းက ရှီယွင်နန် လက်ကောက်ဝတ်လေးကို ဆွဲကာ သူ့ချစ်သူအား အိမ်ပြန်ခေါ်သွားရန် ပြင်လိုက်သည်။

ဖြစ်ချင်တော့ ဖုကျစ်ယွီကလည်း မူးနေတဲ့ ယွမ်ရွေ့ကသယ်လာကာ နောက်တစ်စက္ကန့်တွင် ဆင်းလာ၏။

သူငယ်ချင်းနှစ်ယောက်ကိုတွေ့တော့ ရှီယွင်နန်မှာ တစ်ခုခုကို ရှောင်ရှားလိုက်သလိုမျိုး အမြန်ထသွားလိုက်သည်။ "ကျစ်ယွီ ၊ ယွမ်ရွေ့ကို အဲ့လို မသယ်နဲ့၊ သူမူးနေတယ်လေ။ သတိထားမှပေါ့။ သူ့ဗိုက်နာပြီး မင်းအပေါ် အန်ချရင် ငိုရမယ့်သူက မင်းဖြစ်သွားမယ်နော်။"

"ဖာ့ခ်!" သန့်ရှင်းသပ်ရပ်တာကို အစွဲအလမ်းကြီးသည့် ဖုကျစ်ယွီမှာ ထိုစကားကြားတော့ အမြန် အော်တော့သည်။  "ငါ့ကို လာကူအုံး။ ဒီကောင်က အရပ်မရှည်ပေမယ့် အရမ်းလေးတာပဲ။"

ရှီယွင်နန်ရဲ့ အလိုအလျောက် ပူပန်စိုးရိမ်နေတဲ့အသံနဲ့  သုံးယောက် တွဲနေသည့် ပုံစံကို မြင်လိုက်ရသောအခါ လော့လင်းရှန်းက သူ့လက်ချောင်းလေးကို ဖြည်းဖြည်းချင်း ပွတ်နေရင်း ပြောလာသည်။

"ယွမ်မုန် သွားကြစို့။"

"ဟုတ်ကဲ့ ခေါင်းဆောင်။"

လော့လင်းရှန်းက ယွီရှော့ကို ရိုးရိုးရှင်းရှင်း အမူအရာ ပြလိုက်ပြီး ဝီးချဲလ်ကို ထိန်းကိုင်ကာ ရှီယွင်နန်ဆီ ဦးတည်သွားလိုက်သည်။

ယွမ်ရွေ့ကို သယ်ရန် သူ့ကိုယ်ဟန်အနေအထားကို ထိန်းညှိနေသည့် ဖုကျစ်ယွီမှာ ရှီယွင်နန်အား တာဝန်သိစိတ်လေးနဲ့ ပြောလာသည်။ "မင်း အရင်ပြန်နှင့်လိုက်ပါ။ ဒီစျေးပေါတဲ့ သားလေးယွမ်ရွေ့ကို ငါနဲ့ထားခဲ့လိုက်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now