16

19.4K 2.9K 91
                                    

Unicode

ရှီယွင်နန် ရေချိုးပြီး ထမင်းစားပွဲသို့ ပြန်ရောက်လာသောအခါ၊ ရွှေငါးလေးက မကျေနပ်သည့် မျက်နှာလေးနှင့် သူ့ပါးစပ်က မပျော်မရွှင် နှုတ်ခမ်းစူနေလေသည်။

"ငါတို့ ရွှေငါးလေးကို ဘယ်သူက ထပ်ပြီး စိတ်တိုအောင်လုပ်တာလဲ?" ရှီယွင်နန် သူ့ဘေးတွင်ထိုင်ကာ ဖောင်းနေသော ကလေးအဆီလေးတွေကို လက်နဲ့ ထိုးလိုက်သည်။

"ရှောင်ရှုရှု ပြောတဲ့ ပုံပြင်လေ..."

"ကျင်းယွီ" ပင်မထိုင်ခုံပေါ်ရှိ လော့လင်းရှန်းခပ်တည်တည်ပဲ  လှမ်းအော်လာတော့

ရွှေငါးလေး တိတ်ဆိတ်သွားပြီး သူ့ပန်းကန်ထဲက ငါးနှင့်ထမင်းကို မွှေရင်းမွှေရင်း ပိုမပျော်မရွှင်ဖြစ် လာတော့သည်။

သူ့မျက်လုံးလေးတွေက လော့လင်းရှန်း မျက်နှာကို တိတ်တဆိတ် စိုက်ကြည့်နေပြီး သူ့ဘဝမှာ ပထမဆုံးအနေနဲ့ သူ့ကိုယ်ပိုင် စိတ်ကူးလေးတွေ ရှိနေခဲ့တယ်...

အခုလေးတင် ရှူရှုက ရှက်ပြီး ပူနေသလိုခံစားနေရတာ။

သူ ပေါက်ကရ ပြောနေတာမဟုတ်ဘူး! ရှောင်ရှူရှု ပြောပြတဲ့ ပုံပြင်တွေက အရမ်းကောင်းတာ! လိမ်တာမဟုတ်ပါဘူးဆို!

ရှီယွင်နန် တစ်ခုခုကို ရိပ်မိသွားပြီး ရေကို စိမ်ပြေနပြေသောက်နေကာ

"တူဝရီး နှစ်ယောက် ကျွန်တော့နောက်ကွယ်မှာ ဘာကစားနည်းတွေ ကစားနေကြတာလဲ?"

အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရတဲ့ အိမ်တော်ထိန်းက ပြုံးပြီး အခြေအနေကို ခြုံငုံပြောလာလေသည်။

"သခင်လေးက တစ်ခုခုမှားပြောလို့  ခေါင်းဆောင် က နည်းနည်းဆုံးမထားတာပါ။ အရေးကြီး ကိစ္စမဟုတ်ပါဘူး။"

အရင်တုန်းကတော့ ရွှေငါးလေးဟာ လိမ္မာရေးခြားရှိပြီး ပါးနပ်တယ်။ လော့လင်းရှန်းက သူ့ကို တစ်ခုခုမလုပ်ရဘူးလို့ ပြောတဲ့အခါ သူကစိတ်ဆိုးတာလည်း မရှိသလို ပြန်ခံလဲမပြောပေ။ သို့သော်ရှီယွင်နန် ဘက်တော်သားဖြစ်ပြီးကတည်းက သူရဲ့ကလေးဆန်တဲ့သဘောသဘာဝက လုံးဝလွတ်ထွက်သွားတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now