85.2

12.1K 2.1K 47
                                    

Unicode

ရှီယွင်နန်မှာတော့ ဘာပြန်ပြောရမှန်းမသိအောင် ရှက်ရွံ့လို့နေ၏။ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် သူမရယ်ဘဲ မနေနိုင်တော့။  "တကယ်လား? ဒါဆို ဘာလို့ အစောကြီးကတည်းက မပြောရတာလဲ?"

လော့လင်းရှန်း ပြန်မေးလိုက်သည်။ "ဒါဆို ကိုယ်မင်းကို ရှီအိမ်တော်ကနေ ခေါ်လာတုန်းက မင်း ကားထဲမှာ ပြောခဲ့တာကို မှတ်မိသေးလား?"

-မစ္စတာလော့ ကျွန်တော်မှတ်မိတာမှန်ရန် အခုမှ ပထမဆုံးတွေ့ဖူးတာမလား?

ထိုစကားတွေကို ရှီယွင်နန်မှတ်မိပေမယ့်လည်း မွေးနေ့ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကိုတော့ ဘာတစ်ခုမှ မမှတ်မိ။ သူ့စိတ်ထဲမှာတော့ အပြစ်ရှိစိတ်လေးတွေညပြည့်လျှံလို့နေတော့သည်။

လော့လင်းရှန်း သူ့နားလေးကို ခပ်ကြမ်းကြမ်းလေးကိုက်ချလိုက်ကာ—  "မင်းကမှ နှလုံးသားမရှိတဲ့ ကောင်လေး မဟုတ်ဘူးလား?"

ရှီယွင်နန်က  'ဟမ့်'လို့ အသံလေးပြုလိုက်ပြီး ဝန်မခံပေ–  "ဆယ့်ရှစ်နှစ်မှာ အရက်မူးနေတုန်းက ကျွန်တော် ခင်ဗျားကို စိတ်ဝင်စားခဲ့တယ်။ လုံးဝအမူးပြေနေတဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်မှာလည်း ခင်ဗျားကို စိတ်ဝင်စားခဲ့တယ်လေ။ ဒါနဲ့တင် ကျွန်တော့ အမြင်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား။ ကျွန်တော်က တော်တော်လေးကို တာဝန်ကျေတဲ့ လူပါနော်။"

လော့လင်းရှန်းက သူ့ကို ပေါက်ကရပြောခွင့်ပေးထားပေမယ့်လည်း သူ့လက်လေးကတော့ ခါးကို အဆင်မပြတ်နှိပ်နယ်ပေးနေဆဲ။

ရှီယွင်နန် ဆက်မေးလိုက်သည်။ "ဒါဆို ခင်ဗျား ရှီအိမ်တော်ကို တမင်ရောက်လာခဲ့တာလား?"

"အင်း ကိုယ် တမင်လာခဲ့တာ​"

ရှီမိသားစုက လော့မိသားစုဘက်ကို လက်ထပ်ပွဲအကြောင်း အရင်စေ့စပ်ညှိုနှိုင်းခဲ့ပြီး လော့မိသားစုဘက်ကတော့ ခပ်လျှိုလျှိုသာ နေနေခဲ့သည်။  ပြတ်ပြတ်သားသားပြောရရင် နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် အသုံးချချင်ခဲ့တာပင်။ လော့လင်းရှန်း ထိုအကြောင်းကိုကြားသည့်အခါ၊ နှစ်ဖက်မိဘများက လက်ထပ်ပွဲအစီစဉ်ကို ကြိုလျာထားနှင့်နေလေပြီ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now