Unicode
နှစ်လကြာသောအခါ—
အပြင်ဘက်ရှိ နှင်းခဲများမှာ အရည်မပျော်ကျသေးပေ။ အအေးဓာတ်ဟာ တံခါးထောင့်များနှင့် ပြတင်းပေါက်အက်ကွဲရာမှ စိမ့်ဝင်လာသဖြင့် နာရေးအိမ်အား ပို၍ပင် အေးစိမ့်ပြီး အသက်မဲ့သွားစေသည်။
လော့လင်းရှန်း၏ ခန္ဓာကိုယ်မှာ အေးစက်ကာ တောင့်ခဲနေ၏။ သူဟာ သွေးကြောများပေါက်ထွက်မတတ် မျက်လုံးများဖြင့် ဓာတ်ပုံလေးပုံကို စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုမှာ ထုံကျင်နေပြီး၊ သူ့စိတ်ကိုတော့ ရူးသွပ်မှုများက ဖုံးလွှမ်းလို့နေသည်။
ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို စောင်အထူကြီးဖြင့် ခြုံလာပေး၏။
"ဘယ်သူလဲ?!"
လော့လင်းရှန်းက လူသတ်ချင်သည့် အရှိန်အဝါဖြင့် အော်လိုက်ပြီး တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ပြင်းပြင်ထန်ထန် ဆွဲလိုက်သည်။ သူဟာ အကျဉ်းအကျပ်ထဲ ရောက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အဆက်မပြတ်ရိုက်ခံနေရပြီး ဒဏ်ရာဗလပွဖြစ်နေသော်လည်း သူ့ကိုယ်သူ အားတင်းထားပြီး ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို သတိထားနေဆဲပင်။
"သခင်လေး၊ ကျွန်တော်ပါ"
အိမ်တော်ထိန်းချင်က လက်ကောက်ဝတ်၏နာကျင်မှုကို လျစ်လျူရှူပြီး ဝမ်းနည်းတကြီး ပြောလိုက်သည်။ "သခင်လေးခန္ဓာကိုယ်က အပြည့်အဝပြန်မကောင်းသေးဘူးလေ။ ဒီမှာပဲ တစ်နေကုန်ထိုင်နေရင် ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ?"
"ဦးလေးအကြံကို နားထောင်ပြီး ဆေးရုံမှာ သွားပြန်ကုလိုက်ပါ၊ မဟုတ်ရင်..."
ဦးလေးချင်တစ်ယောက် ဝမ်းနည်းတကြီး ခန်းမထဲရှိ ဓာတ်ပုံလေးပုံကိုကြည့်နေရင်း သူ့အသံမှာ ပိုအားပျော့ကာ တိုးညှင်းသွားလျက်။ "သခင်ကြီးနဲ သခင်မကြီး အသက်ရှင်နေသေးရင်လည်း သေချာပေါက် ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး"
လွန်ခဲ့သည့် နှစ်လတွင် အကြီးအကဲလော့ နှလုံးဖောက်ကာ ဆုံးပါးသွားခဲ့၏။ သူ့သားသမီးနှင့် မြေးတွေမှာ သူအသက်ရှင်နေစဉ် ပါးလွှာသော ကန့်လန့်ကာကို မထိဝံ့ပေမယ့်လည်း ဆုံးပါးသွားသည့်အခါမှာတော့ လောဘကြီးသည့် ဝံပုလွေများအဖြစ်သို့ ချက်ချင်းပြောင်းသွားကြသည်။

BINABASA MO ANG
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.