Extra-10 (အကယ်၍)

5.6K 1K 34
                                    

Unicode

လော့လင်းရှန်းမှာ သူ၏ ရုပ်ရည်နှင့် မိသားစုနောက်ခံကြောင့် မရေမတွက်နိုင်စွာ ပိုးပန်းသူများရှိခဲ့သော်လည်း ရှီယွင်နန်လိုလူမျိုးကိုတော့ မတွေ့ဖူးခဲ့ပါချေ။

-လော့လင်းရှန်း ခင်ဗျားက အရမ်းချောတာပဲ။

-ခင်ဗျား ယောကျ်ားလေးကို ကြိုက်လား? မိန်းကလေးကိုကြိုက်လား? ခင်ဗျားမှာ ချစ်သူရှိလား? ကျွန်တော် ခင်ဗျားကို လိုက်လို့ရမလား?

-လော့လင်းရှန်း ခင်ဗျားက အရမ်းချောတာပဲ။ ကျွန်တော်..

-လော့လင်းရှန်း ခင်ဗျား မရွံဘူးဆိုရင် ကျွန်တော်ခင်ဗျားကို လိုက်လို့ရလား?

သူတို့ မွေးနေ့ပွဲတွင် ဆုံပြီးကတည်းက ရှီယွင်နန်နဲ့ တွေ့လိုက်တိုင်း တစ်ဖက်လူ၏ ချစ်စဖွယ်ကောင်းသော အပြုအမူလေးနှင့် ဆွဲဆောင်မှုကို သူသိသိသာသာ သတိပြုမိနေခဲ့သည်။

ယခု သူပြောလိုက်သော စကားလုံးများဟာ လော့လင်းရှန်း နှလုံးသားထဲတွင် လှိုင်းဂယက်ထောင်ပေါင်းများစွာရိုက်ခတ်သွားစေ၏။

သို့သော်လည်း ရှီယွင်နန်မှာ အသက်ငယ်နေသေးသလို၊ ပြင်ပအတွေ့အကြုံသစ်များကို စူးစမ်းချင်သည့်အရွယ်ဖြစ်နေလေသည်။ အခုအချိန် သူဟာ စိတ်အားထက်သန်နေသော်လည်း အချိန်ကြာလာသည့်အခါ ပြောင်းလဲသွားနိုင်သည်။

ဒါ့အပြင် ရှီယွင်နန် နိုင်ငံခြားတွင်နေသည်ဖြစ်စေ၊ တရုတ်နိုင်ငံပြန်လာသည်ဖြစ်စေ၊ လက်ရှိမှာတော့ သူဟာ ပညာရေးပေါ်သာ အာရုံစိုက်ထားသင့်လေသည်။

သူ၏ အချစ်လို့ခေါ်သည့် ခံစားချက်ကြောင့် တစ်ဖက်လူအား သွေးဆောင်ဖြားယောင်းဖို့နေနေသာသာ လော့လင်းရှန်း ဒီခံစားချက်ကို ပေါ့ပေါ့တန်တန်မတွေးချင်နေခဲ့ပေ။

ရှီယွင်နန်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ အဖြေကို စောင့်ဆိုင်းနေခဲ့၏။ လော့လင်ရှန်း၏ လေးနက်သည့်မျက်လုံးများကို စိုက်ကြည့်ရင်း သူစိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်တော့ချေ။

"လော့လင်းရှန်း ရလား မရဘူးလားလို့?"

လော့လင်းရှန်းက ပါးပါးနပ်နပ်ပြန်ဖြေလာသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now