Unicode
လော့လင်းရှန်းနှင့် ရှီယွင်နန်တို့ ဟိုတယ်ရောက်သည့် အခါ Summer Campက ဆရာတွေအားလုံးနှင့် ဘော်ဒီဂတ်နှစ်ယောက်က အဆင်သင့် စောင့်ဆိုင်းနေကြလေပြီ။
Summer camp တာဝန်ခံ ကျောင်းအုပ်က အသံတုန်တုန်ယင်ယင်ဖြင့် ဆိုလာသည်။ "မစ္စတာလော့ ရောက်လာပြီပေါ့၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်တို့..."
ရှီယွင်နန်က သူ့စကားကို ဖြတ်ပြောလိုက်၏။ "ကျောင်းအုပ်ချန်၊ အခုက တောင်းပန်ရမယ့်အချိန်မဟုတ်သေးဘူး။ ကျွန်တော်တို့ကလေး အဆင်ပြေဖို့ ဆုတောင်းနေပေးရင် ပိုကောင်းပါမယ်။ နောက်မှ တောင်းပန်လည်း နောက်မကျသေးပါဘူး။"
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့" ကျောင်းအုပ်ကြီးမှာ ရှီယွင်နန်ကြောင့် အံ့အားသင့်သွားပေမယ့်လည်း လော့လင်းရှန်းနှင့် ဘေးချင်းကပ် ရပ်နေသည်မို့ သူအမြန်ပြန်ဖြေလိုက်လေသည်။
ရွှေငါးလေး တစ်ခုခုဖြစ်လို့မဖြစ်ဘူး။ မဟုတ်ရင် လော့လင်းရှန်း မတိုင်ကြားရင်တောင် သတင်းပြန့်သွားတာနဲ့ မူကြိုကျောင်းက ဆရာ၊ဆရာမတွေအကုန် ဒုက္ခရောက်ကုန်လိမ့်မယ်။"မစ္စတာလော့ ရဲခေါ်လိုက်ပါလား? ရဲကိုမြန်မြန်ခေါ်ရင် ပိုကောင်းတာပေါ့!"
ရှီယွင်နန်နှင့် လော့လင်းရှန်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။ "လောလောဆယ်တော့ ရဲကို မခေါ်သေးဘူး။ ရဲခေါ်ရင် ဓားစာခံကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ မနက်ဖြန် ကလေးနဲ့ ပိုက်ဆံ လွှဲရမယ့် အချိန်ထိ စောင့်ရမယ်"
ထိုစကားကို ဆရာတွေကြားတော့ အားလုံး ငြိမ်သက်သွားကြ၏။
တရားဥပဒေနဲ့ ပတ်သက်လာရင် ရဲကို ခေါ်လိုက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်သော်ငြား ရာဇ၀တ်သားသာ ရဲကို အကြောင်းကြားလိုက်မှန်း သိသွားပါက ကလေးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သူတို့မှာ ကလေး၏အုပ်ထိန်းသူကို ထပ် မဖြောင်းဖျရဲကြ။
"ကျောင်းအုပ်ချန် ကျွန်တော် ဒီcampမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ စာရင်းကို လိုချင်တယ်။ အခုချက်ချင်း အားလုံးရဲ့ စာရင်းကို လိုချင်တာ!" ရှီယွင်နန် အမိန့်ပေးလိုက်၏။

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.