20

19.4K 2.9K 119
                                    

Unicode

ရှီးခဲယွဲ့သည် ထိုအသက်ရှုကြပ်စေသော ဧည့်ခန်းမထဲမှ အမြန်ထွက်လာခဲ့သည်။ သူ့နှလုံးသားထဲက အရှက်တရားဟာ အမြန်အနွယ်တက်လာတဲ့ စပျစ် နွယ်ပင်နှင့်တူပြီး သူ့ကို အမှောင်ထဲတွင် ရစ်ပတ် ထားသည်။

သူမုန်းတယ်။

သူစိတ်ထဲရှိတာကို ထုတ်ပြပလိုက်ချင်တယ်။

ထိုအထက်တန်းလွှာက လူတွေရဲ့ ထူးဆန်းတဲ့ အကြည့်ကို သူလက်မခံနိုင်ဘူး။

ဒီနှစ်များတစ်လျှောက်၊ သူသိထားတဲ့ စာအုပ်ထဲကဇာတ်ကွက်အတိုင်းနေရင်း သိသိသာသာ အသိအမှတ်ပြုခံရပြီး လေးစားခံခဲ့ရသည်။ ဒီလမှာ ဘာလို့ မတော်တဆတွေ ဒီလောက်များနေရတာလဲ?

ပထမကလည်း နိုက်ကလပ်ကိုပိတ်လိုက်ရတယ်၊ အခုလည်း  ကျောင်းမိသားစုနဲ့ ပြဿနာတက်ပြန်ပြီ...

အခု သူဟာ ပြည်တွင်း အလှကုန် အမှတ်တံဆိပ် သေးသေးလေးတစ်ခုကို ဝယ်ထား၏။ အချိန်မီ ထုပ်ပိုးရောင်းချရန်အတွက် အမှတ်တံဆိပ်အသစ် တစ်ခုကိုသာ ရှာမတွေ့ပါက၊ သူ့မှာနောက်ထပ် သန်းပေါင်းများစွာကို ဆုံးရှုံးရမည်ဖြစ်သည်။

ရှီးခဲယွဲ့  ထိုအကြောင်းကို ပိုတွေးလေ စိုးရိမ်စိတ် များလာလေသောကြောင့် သူ့လမ်းလျှောက်သည့်အရှိန်ကပင် နှေးကွေးလာသည်။

ရုတ်တရက် သူ့နောက်မှာ အနည်းငယ်ရင်းနှီးပြီး ပေါ့ပါးတဲ့အသံတစ်ခုထွက်ပေါ်လာ၏။

"သခင်လေးရှီး ၊ ခဏလေး"

"......"

ရှီးခဲယွဲ့ ရပ်လိုက်ပြီး လှည့်လိုက်ကာ လာနေတဲ့သူ့ကို ကြည့်လိုက်သည်။ထိုအချိန်တွင် သူ့ရဲ့နဂိုက စိတ်ပျက်နေသော မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

ထိုလူက တခြားလူမဟုတ်၊ ထိုညက သူနှင့် တစ်ညတာအတူနေခဲ့သော နိုက်ကလပ်ကလူပင်။

တနေကုန် အရက်သောက်ကာ ဘာအလုပ်မှမလုပ် ဘူးဟု  ကောလဟာလ ထွက်နေသည့် ဆန်ကုန်မြေလေး၊ အစကရှီယွင်နန်နဲ့ လက်ထပ်မယ့် လော့ယန် ချွမ်းဖြစ်သည်။

အခုအချိန်တွင် လော့ယန်ချွမ်းက  ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ခန်းမမှ ရှန်ပိန်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။ ကြည့်ရတာ ဖိတ်ကြားခံထားသည့် ဧည့်သည်တစ်ဦး ဖြစ်ပုံပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now