72.2

13K 2.1K 44
                                    

Unicode

ရှီယွင်နန် ကားထဲသို့ရောက်သော် စိတ်သက်သာရာ ရသွားတာကြောင့် သက်ပြင်းချလိုက်မိသည်။

သူ့အပြုအမူလေးကိုတွေ့တော့ လော့လင်းရှန်း နားမလည်နိုင်ဖြစ်သွား၏။ "ဘာလို့ ဝမ်ဝမ်ယိုကို ဒေါသအရမ်းထွက်နေတာလဲ? စိတ်ပျော်သွားအောင်လို့ ပြောလိုက်တာလား?"

"ဘယ်သူက ကျွန်တော့်ကွယ်ရာမှာ ခင်ဗျားကို မြူဆွယ်ခိုင်းလို့လဲ? ကျွန်တော် သူ့ဂုဏ်သိက္ခာကို လူသိရှင်ကြားမဖျက်စီးတာနဲ့တင် ထောက်ထားလွန်းနေပြီ။"

သူသာ ဒီတစ်ခေါက် သတိမပေးရင်၊ ဒီလူက နောက်တစ်ကြိမ်မကောင်းတဲ့ အကြံတွေ ရှိနေအုံးမှာပဲ။

ရှီယွင်နန်က လော့လင်းရှန်း အနားလေးသို့ကပ်ကာ ချီးကျူးစကားလေးတွေ တောင်းခံနေသည်။ "ဘာလို့ ကျွန်တော့်ကို မချီးကျူးတာလဲ? ခင်ဗျား ဆီမှာ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကျွန်တော်ကယ်တင်ပေးထားတာလေ။"

"မင်း သဝန်တိုလို့မဟုတ်ဘူးလား?" လော့လင်းရှန်း ပြန်ချေပလာတော့

ရှီယွင်နန် "ဟမ့်"လို့ နှာမှုတ်လိုက်ပြီး ရုတ်တရက် အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။ "ကျွန်တော့်ဒေါသတွေပျောက်အောင် ခင်ဗျားကိုနမ်းချင်နေတာနော်။ ဒါမယ့် ရှေ့ခုံက ယွမ်မုန်နဲ့ ချင်ကျန်း မြင်သွားမှာစိုးလို့"

လော့လင်းရှန်းက နှစ်ယောက်သား နီးကပ်သွားစေရန် ဘေးကို စောင်းလိုက်ပြီး ရွှတ်နောက်နောက်လေးပြန်ဖြေလာသည်။  "ချင်ကျန်းတို့ နောက်စိမှာ မျက်လုံးမပါဘူး"

"အဲဒါ ခင်ဗျားပြောတာနော်" ရှီယွင်နန် တခစ်ခစ်ရယ်လိုက်ပြီး လော့လင်းရှန်းအား အရင် စနမ်းလိုက်တော့သည်။

"....."

ရှေ့ခုံမှာထိုင်နေသည့် ယွမ်မုန် နှင့် ချင်ကျန်းမှာ ရှေ့ကိုသာ တည့်တည့်စိုက်ကြည့်နေပြီး တပြိုင်နက်တည်း စိတ်ထဲတွင် မကျေမနပ် ညည်းညူလိုက်ကြ၏—

ခေါင်းဆောင်ရေ ကျွန်တော်တို့ နောက်စိမှာ မျက်စိမပါပေမယ့် နားမကန်းသေးဘူးလေဗျ!

အလုပ်ချိန်အတွင်း ခွေးစာကျွေးရင် လုပ်ငန်းတွင်းနာကျင်ထိခိုက်မှုနဲ့ လစာတိုးပေးမှာလား?

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now