9

20.9K 3.1K 139
                                    


Unicode

ယောကျ်ား?

လွမ်းတယ်?

ရှီယွင်နန်ရဲ့ ပြောင်ပြောင်တင်းတင်းနဲ့  နှစ်လို့ဖွယ် ကောင်းတဲ့  အမူအရာက ကြဲချလိုက်သော ဗုံးတစ် လုံးလိုပင်။

လော့လင်းရှန်း သူ့ရဲ့ လက်တစ်ကမ်းအလိုက ရှီယွင် နန်ကို  ကြည့်လိုက်၏။ သူ့မျက်လုံးတွေက  မြေခွေးတစ်ကောင်လို  ဒေါသကြီးပြီး ဥာဏ်နီဥာဏ်နက် များသည့်ပုံပေါက်သော်လည်း သူ့နှုတ်ခမ်းထောင့် လေးကတော့ အပေါ်ကို ချိတ်တက်နေသည့်ပုံပင်။

ကြည့်ရတာ ဒီကောင်လေးက အမြဲတမ်းဒီလိုဖြစ်နေပုံပဲ။ သူက ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ် ပြဿနာ ရှာနိုင်တယ်။

သူသာ  ဝီးချဲလ်ပေါ်တွင် မထိုင်နေပါက၊ ရှီယွင်နန် တစ်ယောက် လူတွေပိုကြောက်အောင် သူ့ကို ပိုမြှူဆွဲတဲ့ ပုံစံလုပ်လာလောက်တယ်လို့  လော့လင်းရှန်း
သံသယတောင် ဝင်မိသည်။

ထိုအချိန်တွင် လော့ယန်ချွမ်း ဦးဆောင်သော လူ လေးယောက်ကတော့ လုံးဝကို အံ့ဩသွားကြတော့သည်။

ဝိုင်​နဲ့ပက်၊ ဖန်​ခွက်​ကိုခွဲပြီး လူ​တွေကို ဓားနဲ့ထို့ဖို့လုပ် တာက  ရှီ​ယွင်နန်​ဆိုတဲ့ မင်းမဟုတ်ဘူးလား... နှစ်ဖက်​စလုံး​မှာ အပြစ်​ရှိ​နေ​တာ ဟုတ်ပေမယ့်  ဘာလို့ မင်းက မတရားခံနေသလို လုပ်နေတာလဲ?

ခဲဝေ့အန်းသူ့ရဲ့ ပြတ်ရှထားတဲ့ လက်ကို တင်းတင်းဆုပ်လိုက်ပြီး  နာကျင်မှုကို ဖိနှိပ်ကာ သူ့သူငယ်ချင်းကို မေးလိုက်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ? ရှီယွင်နန်က မင်းရဲ့ လက် ထပ်ဖော်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား?သူက ဘာလို့  မင်းဦးလေးနဲ့ ပတ်သက်နေတာလဲ?"

လော့ယန်ချွမ်း မျက်မှောင်ကြုတ်ပြီး မသိစိတ်က နေ ပြန်ဖြေလိုက်လေသည်။

"မဖြစ်နိုင်ဘူး။"

မိသားစုနှစ်စု လက်ထပ်ဖို့ ဆွေးနွေးနေချိန်ကနေ သူငြင်းပြီး ပုန်းဖို့ အိမ်ကနေ ထွက်လာချိန်အထိ၊ လက်ရှိ စားသောက်ဆိုင်မှာ တွေ့ဆုံတာနဲ့ဆို သုံးရက်လောက်ပဲ ရှိသေးတာလေ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now