69.2

12.5K 2.3K 67
                                    

Unicode

"..."

စုန့်ကျစ်ချိုးမှာ သူ့စကားကြောင့် ပြောစရာစကားပျောက်ရှသွားသည်။

ဝမ်ယန်ဖုန်းဟာ အမြဲတမ်း စိတ်သဘောထားကောင်းခဲ့တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်တယ်လေ။

အမှန်တော့၊ နှစ်တွေကြာလာတာနဲ့အမျှ လင်နဲ့မယားကြားက အငြင်းပွါးမှုအများစုဟာ ဝမ်ယန်ဖုန်းဆုံးမတိုင်း သူမရဲ့ မကျေမနပ်ချက်တွေကြောင့် ဖြစ်ခဲ့တာတွေချည်းပင်။

အချိန်အတော်ကြာထိ အလုပ်မှာဦးဆောင်နေခဲ့သည့် သန်မာတဲ့ အမျိုးသမီး ဖြစ်တာကြောင့်၊ စုန့်ကျစ်ချိုးဟာ ထိုအငြင်းပွါးစကားများတွင် ဘယ်တော့မှ အရှုံးမပေးချင်ခဲ့။ သူမက သူ့အား ဘယ်လိုကိုင်တွယ်ရမှန်း ကောင်းကောင်းသိနေခဲ့သည်—တစ်ခုက သေဆုံးသွားသည့် ကလေးအကြောင်းကိုထည့်ထည့်ပြောလာတတ်ပြီး နောက်တစ်ခုကတော့ ကွာရှင်းမယ်ဆိုသည်စကားနဲ့ ကိုင်ပေါက်ခဲ့ခြင်းပင်။

ပထမတစ်ချက်ကတော့ ဝမ်ယန်ဖုန်းရဲ့ အပြစ်ရှိစိတ်အပေါ် အားထားတာ ဖြစ်ပြီး ဒုတိယအချက်ကတော့ ဝမ်ယန်ဖုန်းရဲ့ စာနာညှာတာသနားသည့်စိတ်ပေါ် ယုံကြည်အားထားခဲ့ခြင်းဖြစ်သည်။

"ရှင် ကျွန်မနဲ့ ကွာရှင်းချင်တာသေချာလား?" စုန့်ကျစ်ချိုး နောက်ဆုံးနားလည်သဘောပေါက်မှသာ ဒေါသထိန်းနိုင်သွားသည်။ အခုတော့ သူမနှလုံးသားထဲတွင် နောင်တများဖြင့် ပြည့်နှက်နေတော့သည်။

သူမ ဝမ်ယန်ဖုန်းနှင့် လုံးဝ မကွာရှင်းချင်ပါ။

ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တဲ့ ဝမ်ယန်ဖုန်းက ခေါင်းညိတ်ပြလာသည်။

"အင်း ငါတို့ ကွာရှင်းမယ်"

ခင်ပွန်းတစ်ယောက်အနေနဲ့ သူ့ဇနီးဆီက ချိုသာတဲ့စကားတွေ မကြားခဲ့ရသလို လေးစားမှုလည်း မရခဲ့။

ဖခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို ဆုံးမခွင့်လည်း မရခဲ့ဘူး။ သူ့မှာ ဆုံးမချင်တဲ့စိတ်ရှိရင်တောင်  စုန့်ကျစ်ချိုးရဲ့ ပုပ်ပွနေတဲ့ အလိုလိုက်မှုတွေအောက်မှာ သူနဲ့ ရင်းရင်းနှီးနှီးတောင် မနေခဲ့ကြ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now