Unicode
နောက်တစ်နေ့၊ သူတို့နှစ်ယောက် လုံမိသားစုဆီ အရင်မသွားမီ၊ ရှားရှားပါးပါး လော့လင်းရှန်းက အိမ်မှာနေပြီး နေ့လည်စာစားနေသည်။
"ကျွန်တော် ရှာကြည့်တာ ပွဲကျင်းပတဲ့နေရာကိုရောက်ဖို့ မိနစ်လေးဆယ်လောက်ကြာတယ်တဲ့။" ရှီယွင် နန် သူ့ဖုန်းထဲက အချိန်ကို ကြည့်လိုက်ပြီး ပင်မထိုင် ခုံပေါ်ရှိ လော့လင်းရှန်းကို ပြောလိုက်သည်။
"နာရီဝက်လောက်နေရင် သွားကြမလား?"
ရှီယွင်နန်က အစောကြီးကတည်းက အဆင်သင့်ဖြစ်နေလေပြီ။
ဝတ်စုံကို အနက်ရောင်တောက်တောက်ပြောင်ပြောင်များဖြင့် စီထားပြီး၊ လည်အဟိုက်မှာ Vပုံစံဖြစ်သည်၊ ညာဘက်ရင်ဘတ်တွင် မြေခွေးခေါင်းပုံစံ စိန်ရင်ထိုးကိုလည်း တပ်ထားသည်။
အဝတ်အစားများရဲ့ အရောင်အသွေး တောင်ပြောင်မှုကြောင့် သူ့အသားအရည်မှာ ပိုဖြူဖွေး၊ နူးညံ့လာပြီး ကော်လာအောက်ကို စူးစမ်းချင်သည့် လူတွေရဲ့မျက်လုံးများကို ဖမ်းစားထားသည်။
အရိုင်းဆန်ပြီး တက်ကြွတယ်။
ထုံးစံအတိုင်း သူသဘောကျသည့် သူ့ကိုယ်ပိုင်စတိုင်လ်ပင်။
လော့လင်းရှန်း သူ့လက်များကို စိုစွတ်သည့် ပုဝါဖြင့် သုတ်ကာ သူဝတ်ထားသည့် အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။
"ကောင်းပြီ၊ ကိုယ် အပေါ်တက်ပြီး အဝတ်အစားလဲလိုက်အုံးမယ်။"
ဒီရက်များအတွင်း သင့်လျော်သည်ဟု ယူဆသည့် အဝတ်အစားများ ကြည့်ခဲ့သော်လည်း မနေ့ညထိ ရလဒ်ထွက်မလာခဲ့ပေ။ ဒီအချိန်ရောက်တာတောင် သူ့မှာ အဝတ်အစားရွေးဖို့ ချီတုံချတုံဖြစ်နေတုန်းပင်။
လော့လင်းရှန်း ဝီးချဲလ်ကို ဓာတ်လှေကားဆီသို့ ပဲ့ကိုင်လိုက်သည်။ ထို့နောက် သူ့နောက်ကနေ နီးနီးကပ်ကပ် ခြေသံများကိုကြားလိုက်ရသည်။
"လော့လင်းရှန်း၊ ကျွန်တော် အဝတ်အစားကူရွေးပေးရမလား?"
တစ်ဖက်လူက အဝတ်အစားနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ရှီယွင်နန် မသိပေ။ ဒီတိုင်း စိတ်ထဲပေါ်လာတဲ့အတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.