39.2

14.7K 2.4K 42
                                    

Unicode   


သူက တစ်ဖက်သားအား တင်းမာသည့် သဘောထားဖြင့် တွန်းထုတ်လိုခြင်းမရှိပေ။ ထို့ကြောင့် သူအေးအေးဆေးဆေး သာ မေးလိုက်သည်။

"မင်း သူနဲ့ အလုပ်တွဲလုပ်နေတာလား? ဘယ်တုန်းကလဲ? "

"ကျောက်စိမ်းဒီဇိုင်းအတွက် လုကျောက်အန်းနဲ့ ပူးပေါင်းဖို့ သဘောတူထားတာ။"

ရှီယွင်နန်မှာ လော့လင်းရှန်း မျက်မှောင်ကြုတ်နေသည်ကို တစေ့တစောင်း မြင်လိုက်ရတာကြောင့် သူရက်အတော်ကြာအောင် ထိန်းထားခဲ့​သည့် ရွှန့်နောက်နောက် အပြုအမူလေး ပြန်ပေါ်လာတော့သည်။  "အခုကစပြီး နေ့တိုင်း အတူတူ တွဲလုပ်ရမှာမို့ ကျေးဇူးပြုပြီး ဘောင်ကျော်ပြီး နောက်ထပ်မေးခွန်းတွေ ထပ်မမေးပါနဲ့ မစ္စတာလော့။ ကျွန်တော်ရဲ့ အပေါင်းအသင်းနဲ့ အလုပ်ကြားမှာ ဝင်မစွက်ဖက်ပါနဲ့။ "

"..."

ဘောင်ကျော်တယ်၊ ဝင်စွက်ဖက်တယ်?

ထိုစကားတွေဟာ လော့လင်းရှန်းကို တကယ်ပဲ အံ့အားသင့်သွားစေတော့သည်။ အာဏာရဖို့ ကြိုးပမ်းတုန်းက ဘယ်လိုကောက်ကျစ်တဲ့ အစီအစဉ်တွေနဲ့ ကြုံခဲ့ရ ကြုံခဲ့ရ၊ သူ့ရှေ့က လူရဲ့စကားတွေနဲ့တော့  ယှဉ်လို့မရနိုင်။

'ကိုယ် စိုက်တဲ့အသီး ကိုယ်ပြန်ရိတ်သိမ်းရတယ်'

လော့လင်းရှန်းတစ်ယောက် အခုမှပဲ ဒီစာကြောင်းရဲ့ တကယ့် အဓိပ္ပါယ်အမှန်ကို နားလည်သွားတော့သည်။

ရှီယွင်နန် လှည့်ပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ လော့လင်းရှန်းရဲ့ သတိပေးတဲ့ စကားကို ကြားလိုက်ရသည်။ "နေအုံး၊ မင်းအပြင်သွားရင် မင်းကုတ်အင်္ကျီ ဝတ်သွားဖို့ မမေ့နဲ့လေ။"

အင်ပါယာမြို့တော့မှာ အုံ့ဆိုင်းပြီး မိုးရွာသည့်နေ့ဆို ရာသီဥတုက နည်းနည်းအေးလာတတ်သည်။

လော့လင်းရှန်းက ရှီယွင်နန်ရဲ့ ပစ္စည်းများကို ကမ်းပေးနေရင်း တုံ့တုံဆိုင်းဆိုင်းနဲ့ မေးလိုက်သည်။

"အလုပ်က ဘယ်မှာလဲ? ပြန်လာရင် လာကြိုဖို့ တစ်ယောက်ယောက် လွှတ်ပေးရမလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now