50.2

14K 2.5K 114
                                    

Unicode

...

မိနစ်လေးဆယ်အကြာတွင်—

လော့လင်းရှန်း ပြင်သစ်စားသောက်ဆိုင်ထဲဝင်လိုက်တာနဲ့ ရှီယွင်နန် ပြောခဲ့ဖူးတဲ့ စကားကို ပြန်အမှတ်ရသွားသည်။ "ဒီဆိုင်က မင်း ငါးစွပ်ပြုတ် လာလာစားနေကြဆိုင်လား?"

"အင်း၊ ဒီလိုပြန်လာဖို့က မလွယ်ဘူးလေ။ ခင်ဗျားကို ကျွန်တော်အရင်က နေထိုင်ခဲ့တဲ့ပုံစံပြချင်တယ်။"  ရှီယွင်နန်က သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

ယွမ်မုန်မှာ ပြင်သစ်အစားအစာကို မစားတတ်သလို နိုင်ငံခြားဘာသာစကားဖြင့်လည်း မပြောဆိုတတ်။

ရှီယွင်နန်ကလည်း "နှစ်ယောက်ထဲကမ္ဘာ"လေးပိုင်ဆိုင်ချင်တာကြောင့် သူကကားပေါ်မှဆင်းသည်နှင့် ချင်ကျန်းအား ယွမ်မုန်ကို နောက်တစ်လမ်းရှိ တရုတ်စားသောက်ဆိုင်သို့ ခေါ်သွားခိုင်းလိုက်သည်။

စားသောက်ဆိုင်ရှိ စားပွဲထိုးမှာ ရှီယွင်နန်ရုပ်ကိုမှတ်မိသွားပြီး နွေးထွေးသည့် အပြုံးလေးဖြင့်နှုတ်ဆက်လာသည်။  "မိတ်ဆွေ၊ မတွေ့တာတောင် ကြာပြီနော်။"

ရှီယွင်နန်ကလည်း သူ့ကို ပြန်နှုတ်ဆက်လိုက်သည်။ "ခါတိုင်းလိုပဲပေးပါ၊ ဒါမယ့် ဒီတစ်ခါတော့ နှစ်ယောက်စာ။"

စားပွဲထိုးက ဝီးချဲလ်ပေါ်မှာထိုင်နေသည့် လော့လင်းရှန်းအား ငုံ့ကြည့်ကာ မေးလာသည်။ "ဒါ မင်းသူငယ်ချင်းလား?"

"ခင်ပွန်းပါ။"  ရှီယွင်နန် ပြန်ဖြေလိုက်သည်။

နေ့လည်စာစားချိန်မို့ စားသောက်ဆိုင်မှာ ဖောက်သည်တွေနဲ့ ပြည့်နေ၏။ လော့လင်းရှန်းမှာ ထင်ပေါ်တဲ့ အသွင်အပြင်ရှိပြီး ဝီးချဲလ်ပေါ်တွင် ထိုင်နေတာကြောင့် သူသွားလေရာ၌ အလွယ်တကူ အာရုံစိုက်ခံနေရတတ်သည်။

ရှီယွင်နန်ကတော့ အားလုံးအကြည့်ကို လျစ်လျူရှုကာ လော့လင်းရှန်းကို သူအကြိုက်ဆုံး စားသောက်ဆိုင်ထဲမှာ ဝင်ထိုင်ဖို့ ဝီးချဲလ်ကို တွန်းလာလိုက်သည်။

သူ့မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားနေတာလေးကို ဖုံးကွယ်မထားပေ။ "နောက်အခွင့်ရေးရှိခဲ့ရင် ကျွန်တော်ရဲ့အရေးပါတဲ့လူကို ဒီဆိုင်က ပြင်သစ်အစားအစာကို မြည်းခိုင်းဖို့ ခေါ်လာရမယ်လို့တွေးထားခဲ့တာ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now