64.2

13.5K 2.4K 226
                                    

Unicode


လော့လင်းရှန်းမှာ သူ၏ မခွဲစိတ်ခင် အကြိုလေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန်လုပ်ဆောင်နေရဆဲဖြစ်ပြီး၊ နောက်ဆုံးတိုင်းတာထားသည့် စစ်ဆေးချက်အရ အနည်းငယ်တိုးတက်လာကာ ရှားရှားပါးပါး သတင်းကောင်းလို့ ဆိုနိုင်လေသည်။

မျက်စိတမှိတ်အတွင်းမှာပဲ စနေနေ့သို့ ရောက်လာ၏။

ရှီယွင်နန်တစ်ယောက် သီးသန့်အော်ဒါကို ပြန်လည်ပြင်ဆင်ပြီးနောက် ကျောဆန့်လိုက်သည်။ သူ့မျက်လုံးထောင့်ကနေတဆင့် စားပွဲနားက ပြခန်းဖိတ်စာတစ်စောင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့စိတ်လေး အနည်းငယ်လှုပ်ရှားသွားလေသည်။

'တတိယအကြိမ်မြောက် ကြွေထည်နှင့် ကျောက်စိမ်း ဒီဇိုင်းပြပွဲ' လက်မှတ်ပင်။

လော့လင်းရှန်းက သူဒီဇိုင်းအလုပ်ပြီးရင် ပျင်းနေမှာကို စိုးရိမ်ကာ ချင်ကျန်းကို ဖိတ်စာတောင်းခိုင်းခဲ့၏။

ရှီယွင်နန် ထိုပြပွဲအကြောင်း ကြားဖူးလေသည်။ ခင်းကျင်းပြသထားသည့် ဒီဇိုင်းအများစုမှာ ကြွေနှင့် ကျောက်စိမ်း ပေါင်းစပ်ထားသည့် ဒီဇိုင်းများဖြစ်သည်။ ပျက်စီးလွယ်သည့် အရာဝတ္ထုနှင့် မာကျောသည့် အရာဝတ္ထု၏ လိုက်ဖက်ညီနေမှုမှာ ဒီဇိုင်းနာ၏ စိတ်ကူးကို ဆန်းသစ်စေသည်။

ရှီယွင်နန် ပြပွဲဖိတ်စာကို ကြည့်လိုက်တော့ ဒီနေ့ ညနေငါးနာရီ ပိတ်သိမ်းမှာပင်။

ဘာလို့ တစ်ချက်လောက်သွားပြီး မကြည့်ကြည့်ရမှာလဲ?

ထိုအတွေး ပေါ်လာသည်နှင့် အခန်းတံခါးခေါက်သံကြားလိုက်ရသည်။

"ဝင်လာပါ။"

ရွှေငါးလေးက အမြန်ပြေးဝင်လာ၏။ သူက လိမ်မာစွာနဲ့ ရှီယွင်နန်ကို ထမင်းစားဖို့ လာခေါ်တာပင်။ သူက အင်္ဂလိပ်စကားလုံးများဖြင့် ပြည့်နှက်နေသည့် ဖိတ်စာတစ်စောင်ကိုလည်း မျက်ထောင့်လေးကနေတဆင့် မြင်လိုက်သေး၏။

ရှီယွင်နန်က ဖိတ်စာကို ချထားလိုက်ကာ သူ့အား အောက်ထပ်သို့ ခေါ်သွားလိုက်သည်။

"ရှောင်ရှုရှု နေ့ခင်းကြရင် ရှုရှုကို သွားတွေ့ဖို့ ဆေးရုံကို သွားမှာလား? သားလေ ကျူရှင်ဆရာတွေပေးထားတဲ့ အိမ်စာတွေ အကုန်လုပ်ပြီးသွားပြီ!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now