79.2

10.8K 2K 70
                                    

Unicode

ခဏကြာသည့်အခါ အားလုံး၏ အကြည့်တွေက အပြင်လူနှစ်ယောက်ဖြစ်သည့် ရှီယွင်နန်နှင့် လော့လင်းရှန်းပေါ် ရောက်လာကြသည်။

"မိဘတွေလည်း ရောက်လာကြပြီဆိုတော့ ကျွန်တော် ပြောတာကို နားထောင်ကြည့်ပါ။"

ဘယ်လိုပြဿနာတွေကိုမှ မကြောက်သည့် ရှီယွင်နန်က ရှေ့ထွက်ကာ ရွှေငါးလေး ပြောခဲ့သည့် စကားများကို ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့ ကလေးက မလိမ်ဘူး။ သူ့နဖူးကဒဏ်ရာက ဒီကလေးခြောက်ယောက်ပေါင်းပြီး ဆွဲကြိုးကို လုရင်းရလာတဲ့ ဒဏ်ရာပဲ။"

သူက ပတ်ပတ်လည်ကို ကြည့်ပြီးနောက် ယွမ်ခယ့်ဝမ်ကို တဖန် စိုက်ကြည့်လိုက်သည်။

"ကလေးတွေ အမှားလုပ်မိရင် တောင်းပန်တတ်အောင် သင်ပေးထားရမှာပဲ။ စရိုက်ဆိုတာ ငယ်သေးတဲ့ အချိန်မှာပဲ ပြင်လို့ရတာ။ အခုတောင် သူတို့သေးသေးလေး ခိုးတာ လုတာတွေကို ဖုံးပေးနေကြရင် နောက်ကြီးလာလို့ ဘာတွေလုပ်မလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ?"

သူပြောပြီးသည်နှင့် ရုန်းရင်းဆန်ခတ်သံတွေကို ကြားလိုက်ရသည့် ယွမ်မုန်လည်း ထွက်လာသည်။

ရွှေငါးလေးနဖူးပေါ်ရှိ ဒဏ်ရာနှင့် လော့လင်းရှန်း၊ ရှီယွင်နန်တို့၏ မကျေမနပ်အကြည့်ကိုတွေ့သည့်အခါ တစ်ခုခုမကောင်းတာဖြစ်သွားမှန်း ခံစားမိလိုက်လေသည်။ "ခေါင်းဆောင် ဘာဖြစ်တာလဲ?"

"ဘာဖြစ်ရမှာလဲ? အင်ပါယာမြို့တော်က သူဌေးတွေက ငါတို့လို သာမန်လူတွေထက် အရမ်းသာနေတာလား?"

ချန်ဖန်းက အပြင်လူဘက်ကနေ ရပ်တည်ပေးနေသည့် ယွမ်မုန်အား မြင်လိုက်သည့်အခါ မကျေမနပ်ဖြစ်သွားတော့သည်။ "သူတို့က ငါတို့ထက်များ ကလေးတွေကို ပိုဆုံးမနိုင်လို့လား?"

"ငါ့ကလေး ဘဲတွေကိုရိုက်တော့ကော ဘာဖြစ်လဲ?ငါတို့ရွာတွေမှာက ဘဲကို စားဖို့အတွက်ပဲ မွေးကြတာလေ။ အဲ့လိုမှမဟုတ်ရင် သူတို့ မြို့ကြီးပြကြီးကလူတွေလို အိမ်မွေး တိရစ္ဆာန်လို သဘောထားပြီး မွေးရမှာလား?"

"ယောက်ျားလေးတွေကစားရင် တွန်းမိတိုက်မိတာက ပုံမှန်ပါပဲ။ ရှင်တို့ကလေးကသာ အထိမခံရွေပန်းကန်ဖြစ်နေတာ။ အဲ့နဖူးက ဒဏ်ရာဆိုတာ သုံးရက် ငါးရက်နေရင် ပျောက်သွားမှာပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now