Unicode
ဧည့်သည်များမှာ အချင်းချင်းမျက်ရိပ်မျက်ခြေပြရင်း နောက်ဆက်တွဲ ပွဲတွေကို စောင့်မျှော်နေကြသည်။
လူအိုကြီးရှီက ရှီးခယ့်ယွဲ့ကို မျက်နှာသာပေးပြီး ရှီယွင်နန်ကို သဘောမကျရင်တောင် သူဘာမှ ပြောလိုက်လို့မရဘူးလေ! အဲ့လိုလုပ်လိုက်ရင် လော့မိသားစုဆီက အထောက်အပံ့ရမယ့် အခွင့်အရေးကို ရှင်းပစ်လိုက်သလိုကြီး ဖြစ်မသွားဘူးလား?
"ခေါင်းဆောင်လော့၊ အမှန်တရားတွေ ရှိနေသေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? " ဧည့်သည်အုပ်စုထဲမှ လူတစ်ယောက်က အတင်းအဖျင်းအနံ့အသက်ကိုရလိုက်တာကြောင့် မေးလာသည်။
လော့လင်းရှန်းက ရှီယွင်နန်တာဝန်ကို မလုယူချင်တာကြောင့်၊ သူက အကြည့်နဲ့ပဲ ရှီယွင်နန်ကို မျက်ရိပ်မျက်ခြေပြလိုက်တော့
ရှီယွင်နန်က ပြုံးလိုက်တာ "လူတိုင်းကြားတယ်နော်။ အခုပဲ၊ လူအိုကြီးရှီက ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုကို အမွေပြတ်စွန့်လွှတ်မယ်လို့ပြောခဲ့တယ်။ နောက် ရှီမိသားစုက သေသေရှင်ရှင်၊ ချမ်းသာသာ အရှက်ကွဲကွဲ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။"
ဒါက လူအိုကြီးရှီရဲ့ ဖြေရှင်းပုံကို ပြန်တုံ့ပြန်လိုက်တာပေါ့?
ဒီညီအစ်ကိုနှစ်ယောက်က ရှီမိသားစုဥစ္စာတွေကို လုံးဝဂရုတောင် မစိုက်ဘူးလေ!
"....."
ရှီးခယ့်ယွဲ့တစ်ယောက် လော့လင်းရှန်းအနေထားကိုမြင်တော့ သူ့နှလုံးခုန်သံမြန်လာ၏။ အခြေအနေ မကောင်းတော့ဘူးလို့ သူ့စိတ်ထဲမှာ ခံစားနေမိသည်။
လူအိုကြီးရှီသာ သူတို့နှစ်ယောက်ကို နှင်ထုတ်ပြီးသွားရင်၊ သူအောင်ပွဲအကြီးကြီး ရနိုင်တော့မယ်လို့ ထင်မိပေမယ့်၊ အခုတော့ ရှီယွင်နန်က သူ့(ရှီးခယ့်ယွဲ့)ရဲ့ နောက်ဆုံးလှုပ်ရှားမှုအပြီးမှ သူ့ဘက်ကနေ စလှုပ်ရှားလာတဲ့ အနေအထားမျိုး အာရုံရနေမိသည်။
နောက်တစ်စက္ကန့်မှာပဲ ရှီယွင်နန်က ပြောလာသည်။ "ချင်ကျန်း ပရိုဂျက်တာနဲ့ ချိတ်လိုက်ပါ။"

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.