62.1

12.7K 2.3K 100
                                    

Unicode

မေးမြန်းနေသည့် အသံကိုကြား၍ လော့လင်းရှန်းနောက်သို့လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသွားသည်။

"......အာ့"

သူ့ရင်ခွင်ထဲလူမှာ ညည်းတွားသံလေး ထွက်လာတာကြောင့် လော့လင်းရှန်း သူ့ကို ငုံ့ကြည့်လိုက်၏။

ထိုမျက်လုံးတစ်စုံမှာ လူတွေကို တသက်တာ မှတ်မိနေစေမယ့် မျက်လုံးတစ်စုံဖြစ်နေဆဲပင်၊ သို့သော် ထိုမျက်လုံးများထဲမှ စဉ်းလဲသည့် အကြည့်များမှာ မူးဝေနေသည့် အရိပ်အယောင်သို့ ပြောင်းလဲသွားပြီး မျက်လုံးထောင့်လေးမှာ ဆွဲဆောင်မှုရှိစွာ အနီရောင်သမ်းနေသည်။

-ရှီယွင်နန်။

ထိုနာမည်မှာ လော့လင်းရှန်း စိတ်ထဲတွင် ပေါ်လာ၏။ သူဘာမှပြန်မပြောခင် တစ်ဖက်လူက သူ့နက်ကတိုင်ကို ဆွဲကာ "ခင်ဗျားကဘယ်သူလဲ? ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ?"

"....."

လော့လင်းရှန်းမှာ သူ့ကိုယ်ပေါ်က အရက်နံ့ ရနေသော်လည်း ဘာကြောင့်မှန်းမသိ လန်းဆန်းမှုရှိသည့် ရနံ့တစ်ခုနှင့် ရောနှောနေတာကြောင့် အရင်ကလို မနှစ်မျို့တတ်သည့် သူ့စိတ်ကို ဖယ်ထုတ်လိုက်မိသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ့ရှေ့တွင်ရှိနေသည့် ရှီယွင်နန်က သူ့လက်မောင်းနားကြား တိုးလာပြီး ၊ မူးနေသည့် မျက်လုံးလေးဖြင့် သူ့အဝတ်စားပေါ်က တံဆိတ်ကို လက်ညှိုးထိုးပြလာသည်။ "တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်တို့ နှစ်ယောက်က...ဘရန်းဆင်တူဝတ်ထားတာပဲ"

လော့လင်းရှန်း ဘာမှပြန်မပြောဘဲ ငြိမ်သက်နေချိန်၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ ရှီယွင်နန်က သူ့နက်ကတိုင်ကြိုးကို လွှတ်ပေးလာသည်။

တစ်ဖက်လူရဲ့ အားသွားတဲ့ လက်ကလေးက သူ့ပါးလေးကို ရုတ်တရက် ပုတ်လာ၏။ "ခင်ဗျား! ခင်ဗျားက ကြည့်တတ်သားပဲ! ဒီဘရန်းက ဩစတြီးယားနိုင်မှာ အထူးထုတ်ထားတဲ့ နိချ်ဘရန်းလေ၊ အေ့.."

သူက စကားကို ကြို့ထိုးသံလေးဖြင့် အဆုံးသတ်လာသည်။

လော့လင်းရှန်းကတော့ အောက်က လက်ချောင်းလေးတွေကို စိုက်ကြည့်ရင်း သူ့ရှေ့ကလူက နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now