44

16K 2.6K 86
                                    

Unicode

၃ရက်အကြာတွင် ရှီယွင်နန်တစ်ယောက် ကျောက်စိမ်းဆွဲကြိုးရဲ့ ပထမ ဗားရှင်းကို ဆွဲပြီးသွားလေပြီ။ ပြတင်း​ပေါက်အပြင်ဘက်ရှိ တောက်ပ​နေသည့်​ကောင်းကင်ကိုကြည့်လိုက်ပြီး သူ့ရဲ့ပင်ပန်း​နေတဲ့ ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီးနောက် ဘေးက အခန်းထဲသို့ လျှောက်ကာဝင်သွားလိုက်သည်။

အိပ်ခန်းရဲ့ အီလက်ထရွန်းနစ် တံခါးက ဟ ထား၏။ကြည့်ရတာ လော့လင်းရှန်က သူ့အတွက် တံခါးကို တမင်တကာ ဖွင့်ထားခဲ့ပုံပဲ။

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အတည်ပြုပြီးကတည်းကရှီယွင်နန်သည် လော့လင်းရှန်ရဲ့အိပ်ခန်းထဲသို့ အလွယ်တကူပဲ ပြောင်းလာခဲ့သည်။ သို့သော် သူရဲ့မူလအိပ်ခန်းကို အလွတ်မထားခဲ့ဘဲ သူရဲ့နေ့စဉ် ကိုယ်ရေးကိုယ်တာစတူဒီယိုအဖြစ် အသုံးပြုထားလေသည်။

ရှီယွင်နန် အိပ်ခန်းထဲသို့ ဖွဖွလေး လျှောက်လာချိန်မှာတော့ ခုလေးတင် နိုးလာတဲ့ လော့လင်းရှန်းက ဝီးချဲလ်ပေါ်မှာ ထိုင်ဖို့ ပြင်နေသည်။

သူက သူ့ချစ်သူရဲ့မျက်လုံးများအောက်က အမည်းရောင်စက်ဝိုင်းများကို ကြည့်ကာ "မင်း တစ်ညလုံး အလုပ်ရှုပ်နေတာလား?"

"အဲ့လောက်မရှုပ်ပါဘူး။ မနက်ငါးနာရီကျော်လောက်တုန်းက မနေနိုင်တော့လို့ အိပ်ယာပေါ်မှာ ခဏလှဲအိပ်လိုက်သေးတယ်။"

သို့သော် သူအိပ်ပျော်နေချိန်တစ်ဝက်မှာပဲ  ဆွဲကြိုးအား အသေးစိတ်အားပြုပြင်ရန် စိတ်ကူးရရှိလာသဖြင့် ထကာ စားပွဲပေါ်တွင် ဆက်လက်လုပ်ဆောင်ခဲ့သည်။

ရှီယွင်နန်က မကုန်သေးတဲ့ ကော်ဖီခွက်ကို သူ့လက်ထဲမှာ ကိုင်ထားရင်း သူ့နားသို့ တိုးကပ်လိုက်သည်။

"ဂွတ်မောနင်း။"

လော့လင်းရှန်ကပြန်​ဖြေလိုက်သည်။ "ရှစ်နာရီပဲ ရှိသေးတယ်။ အိပ်ရာပေါ်တက်ပြီး ခဏကြာကြာ အိပ်လိုက်ဦး။"

ထိုလူရဲ့ မနက်ခင်းပြောတဲ့လေသံမှာ ကျန်အချိန်များထက် တိုးညှင်း၏။ ဒါဟာ ပျင်းရိ၊ အက်ကွဲ ပြီး အရမ်းကို ဆွဲ​ဆောင်မှုရှိလှသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now