Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)

9.7K 1.6K 101
                                    

Unicode

ရှီယွင်နန်တစ်ယောက် ဘေးမှ လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်ရတာကြောင့် နိုးလာသည်။ အိပ်ခန်းထဲမှ မီးအလင်းရောင်ကတော့ မှိန်​နေဆဲပင်။ သူ့မျက်ခွံမှာတော့ ပင်ပန်းနွမ်းနယ်စွာ လေးလံနေတာကြောင့် မျက်လုံး မဖွင့်နိုင်လုနီးပါးပင်။

"အမ်......"

ရှီယွင်နန် ညည်းညူလိုက်၏။ စကားပြောဖို့ ခွန်အားတောင် ရှိမနေပေ။ "ဘယ်အချိန်ရှိပြီလဲ?"

သူတို့နှစ်ဦး "မင်္ဂလာပွဲကျင်းပ" ပြီးသည်မှာ တစ်နှစ်ကြာသွားပြီဖြစ်ပြီး သူတို့လက်ထပ်ထားသည်မှာ နှစ်နှစ်ရှိနေလေပြီ။ သို့သော်လည်း အသစ်အဆန်းများကတော့ ဘယ်တော့မှ မလွှင့်ပါးသွားသလို၊ ညဘက် ပရောပရည်လုပ်တဲ့ ကိစ္စများမှာလည်း ဘယ်တော့မှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

ရှီယွင်နန်မှာ အစကတော့ အမြဲတမ်း အရင်လှုံ့ဆော်တတ်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိသော်လည်း နောက်ပိုင်း သူအရမ်းပင်ပန်းလာသဖြင့် ကောင်းကင်ကြီး မှောင်ကျသွားသည်အထိ စောင်အောက်တွင် ကွေးအိပ်ချင်နေတော့သည်။

မနေ့ညက နှစ်ရက်နားပြီး ရိုးရိုးရှင်းရှင်းသာ အိပ်ဖို့ သဘောတူခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် မနက်အစောကြီးထိ ဟိုဟိုဒီဒီ ကိစ္စများ ထပ်လုပ်မိပြန်ကြသည်။

အခုတော့ ရှီယွင်နန်မှာ စကားတစ်ခွန်းတောင် မနည်းပြောနေရတာမို့ လော့လင်းရှန်းအပေါ် အလိုလိုက်ခဲ့မှန်း ယူဆနိုင်လေသည်။​

"ကိုယ့်ကြောင့်နိုးသွားလား?" ဝတ်စုံပြည့်ထားတဲ့ လော့လင်းရှန်းဟာ ရှီယွင်နန်အနား ကပ်လာပြီး မျက်လုံးလေးကို နမ်းလာသည်။

"ခုနစ်နာရီ ခွဲပြီ "

အချိန်ကို သိလိုက်ရမှ ရှီယွင်နန် ဝုန်းခနဲ နိုးကြားသွား၏။

မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်မှာ အားမရှိသေးသော်လည်း အံ့ဩတကြီး ကိုယ်ကို တစ်ဝက်မှီထားရင် ထထိုင်လိုက်သည်။ "ခုနစ်နာရီတောင် ခွဲသွားပြီလား? ဘာလို့ နှိုးစက်သံကို မကြားလိုက်ရတာပါလိမ့်?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now