82.1

11.7K 1.9K 41
                                    

Unicode

တူတူ~

ရုတ်တရက် ဖုန်းတုန်ခါသွားပြီး ရှီယွင်နန် အတွေးတွေကို ဝင်နှောက်ယှက်လာလေသည်။

ရှီယွင်နန် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ  ဝမ်ရိပေက WeChatကနေ တဆင့် linkတစ်ခုနှင့် မက်ဆေ့ချ် ပို့ထားကြောင်း တွေ့လိုက်ရသည်။

[ယွင်နန်  ဒီသတင်းကို သိပြီးပြီလား? လော့မိသားစုလက်အောက်မှာ လည်ပတ်နေတဲ့ အသေးစားအရင်းအနှီးလုပ်ငန်းတွေအားလုံး ထိန်းသိမ်းခံလိုက်ရတယ်တဲ့။"

[ဒါ လော့လင်းရှန်းနဲ့များ သက်ဆိုင်နေလား?]

ရှီယွင်နန် ထိုမက်ဆေ့ချ် နှစ်ကြောင်းဖတ်ပြီးနောက် linkထဲ ချက်ချင်း ဝင်ကြည့်လိုက်သည်။

ဒီအတောအတွင်း သူက ယွမ်ရွေ့အစား စတူဒီယိုတစ်ခုလုံး၏ ဒီဇိုင်းနှင့် လည်ပတ်သည့်နေရာမှာ တာဝန်ယူထားရတာကြောင့် အပြင်ကိစ္စတွေကို ဂရုမစိုက်နိုင်။ အခုတော့ တစ်ချက်ကြည့်လိုက်တာနဲ့တင် အင်ပါယာမြို့ကြီး၏ စီးပွါးရေးလည်ပတ်ပုံ အနည်းငယ် ပြောင်းလဲသွားသည်ကို သိနိုင်လေသည်။

လော့မိသားစု အိမ်ခြံမြေလုပ်ငန်းအောက်ရှိ အသေးစားကုမ္ပဏီများမှာ ရှယ်ယာရှင်များကိုလိမ်ညာထားရုံမက ဘဏ်ချေးငွေရရန် ထိုနည်းလမ်းကိုသုံးထားသေးသည်။

သူတို့မှာ အစိုးရမှ ဖိတ်ကြားထားခဲ့သည့် စွမ်းအင်ပေါ်လစီလေလံပွဲကနေ ဖြုတ်ချခံလိုက်ရပြီး ရင်းနှီးမြုပ်နှံထားသည့်ငွေများ စုစုပေါင်း ၁.၅ဘီလီယံလောက် ဆုံးရှုံးသွားရသည်။

ထိုတင် မကသေး၊ ကောင်းကောင်းမွန်မွန်လည်ပတ်နေသည့် နိုင်ငံခြာTrading ကုမ္ပဏီတောင် အခွန်ရှောင်ရန် စာရင်းအတုလုပ်ထားခဲ့သည်များကို ဖော်ထုတ်ခံလိုက်ရလေသည်။

ဒီသတင်းအောက်ရှိ ကောမန့်ထဲတွင် ရင်းနှီးမြုပ်နှံသူများ၊ အင်တာနက်သုံးသူများမှာ ထိုဖြစ်ရပ်အပေါ် ငြင်းခုံနေကြပြီး စိတ်ဝင်စားနေကြသည်။

ရှီယွင်နန် မျက်မှောင်ကြုတ်မိသွား၏။ ထိုအမှုများကိုသာ စုံစမ်းစစ်ဆေးပြီး လူသိရှင်ကြားထုတ်ပြန်လိုက်ပါက တာဝန်ရှိသူမှာ ထောင်ကျရမည်ဖြစ်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now