55.2

14.2K 2.4K 160
                                    

Unicode

တဖြေးဖြေး ညနက်လာ၏။

လော့လင်းရှန်းတစ်ယောက် ကုမ္ပဏီ၏ ပရောဂျက်သစ်အစီရင်ခံစာကို အတည်ပြုပြီးနောက်၊ သူ့ မျက်မှန်ကိုချွတ်ကာ ကိုက်ခဲနေသည့် နားထင်ကို နှိပ်နယ်လိုက်သည်။

ရေချိုးခန်းထဲတွင်တော့ ရေများ တဖွဲဖွဲကျနေသည့် အသံမှာ ဆက်တိုက် ထွက်လာနေသည်။ လော့လင်းရှန်း အချိန်ကိုကြည့်လိုက်တော့ ရှီယွင်နန် ရေချိုးခန်းထဲရောက်နေသည်မှာ မိနစ်လေးဆယ်လောက်ရှိနေလေပြီ။

လော့လင်းရှန်းက သူ့ချစ်သူ မတော်တဆ တစ်ခုခုဖြစ်နေမှာ စိုးကာ ဝီးချဲလ်ကို ရေချိုးခန်းနားသို့ ထိန်းသွားလိုက်၏။

"ယွင်နန်?"

နောက်ဆုံးတော့ ရေချိုးခန်းထဲရှိ ရေကျသံမှာ ရပ်တန့်သွားပြီး အချိန်ခဏကြာပြီးနောက် "ကျွန်တော် ခဏနေရင် ထွက်လာမယ်"ဆိုသည့် အသံလေးကို ကြားလိုက်ရသည်။ ရေချိုးခန်းတံခါးပိတ်ထားတာကြောင့် သေချာရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

လော့လင်းရှန်းမှာ ရှီယွင်နန်အသံကြားမှ စိတ်အေးသွားပြီး အိပ်ရာပေါ်သို့ ခက်ခက်ခဲခဲတက်ကာ လှဲနေလိုက်သည်။

နောက်သုံးမိနစ်လောက်ကြာတော့ ရေချိုးခန်းတံခါးပွင့်လာလေသည်။

ရှီယွင်နန်က ပိုးထည်ရေချိုးဝတ်ရုံလေးကို လျော့တိလျော့ရဲ ဝတ်ထား၏။ သူ့ရဲ့ အနည်းငယ်ရှည်နေသည့် ဆံပင်များမှာ ရေတွေစိုနေသေးသည်။

လော့လင်းရှန်းရဲ့ စူးရှတဲ့မျက်လုံးများမှာ တစ်ချက်ဝေ့ခနဲကြည့်လာပြီး သူ့ဘေးနားက စောင်လေးကို အမြန် ဟလိုက်၏။ "ဒီကိုလာလေ၊ မျက်နှာသုတ်ပဝါကော? ဘာလို့ ခေါင်းမသုတ်လာတာလဲ?"

ရှီယွင်နန်က ထူးထူးဆန်းဆန်း ပြန်မဖြေလာခဲ့။

သူက လော့လင်းရှန်းနားသို့ အမြန်ကပ်လိုက်ပြီး ထိုသူ့နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။ "ဒီ​နေ့ ​ကျွန်တော် မွေးနေ့လက်ဆောင် ဘာပေးမှာလဲဆိုတာကို ဘာလို့မမေးတာလဲ?"

ရှီယွင်နန်က အိပ်ရာပေါ် အလျင်စလိုမတက်သေးဘဲကုတင်အစွန်းနားတွင် မတ်တပ်ရပ်နေကာ ရှေ့ကို တိုးလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now