35.1

14.3K 2.5K 57
                                    

Unicode

ဝမ်ရိပေသည်  စင်မြင့်ပေါ်မှဆင်းလာပြီး ဆွေမျိုးများဆီ ပြန်ရောက်လာသည်။ သူ့မျက်နှာလေးပေါ်မှာတော့အမြဲတမ်းပြုံးတတ်သည့် သိမ်မွေ့တဲ့အပြုံးလေးတစ်ခုပါ သယ်လာလေသည်။ "အဘိုး၊ အားလုံးပဲ ဘယ်လိုထင်ကြလဲ?"

ရှီယွင်နန် သူနဲ့ အကြည့်ချင်းဆုံလိုက်ပြီး။

သူ့ရဲ့ဂုဏ်ယူနေတဲ့ ပုံစံလေးကို မထိန်းထားဘဲ မနေနိုင်တော့ပေ။ "မေးစရာတောင်လိုသေးလို့လား? အကောင်ဆုံးcelloတီးသူ ဝမ်ရဲ့ အရည်အချင်းနဲ့ပတ်သတ်ပြီး ဘယ်သူက ထင်မြင်ချက်ပေးရဲမှာလဲ?"

ဝမ်ပေရိ တိုးတိုးလေးရယ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။ "မင်းကတော့ တကယ်ပါပဲ... ငါ့ကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတာ။ နည်းနည်းလောက် low key လေးဖြစ်အောင် ပြောစမ်းပါကွာ။"

"ဘာကို low key လဲ? ကောအရမ်းတော်တာ တစ်ရက်နှစ်ရက်ပဲ ရှိသေးတာမှ မဟုတ်တာ။"  ရှီယွင်နန် ပြန်ပြောလိုက်သည်။

သူတို့အနီးအနားက လူအိုကြီးဝမ်မှာ ညီအစ်ကို နှစ်ယောက်ကြားက စကားစမြည်ကို ကြားပြီးအပြုံးလေးနဲ့ ပြောလာသည်။ "အဘိုး မျက်လုံးထဲမှာ တော့ မင်းတို့ ညီအစ်ကို နှစ်ယောက်လုံးက အရမ်းတော်တယ်။ လာတဲ့ ဧည့်သည်တွေ ငါတို့ကို လှောင်မှာကို လုံးဝမစိုးရိမ်ဘူး!"

ဒီနှစ်ထဲတွေမှာ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမအားပေးကူညီကြတယ်ဆိုတာ လူအိုကြီးဝမ် သိထားပြီးပြီ။

ရှီယွင်နန်ရဲ့ တယောတီးသူဘဝကို လျှောက်လမ်းဖို့ မအောင်မြင်ခဲ့ပေမယ့် ဒီကိစ္စသည် လူအိုကြီးဝမ်ရဲ့ သဘောထားကို နည်းနည်းလေးတောင် မထိခိုက်စေခဲ့ပေ။ သူဟာ မြေးနှစ်ယောက်စလုံးကို ပြောမတတ်အောင် သဘောကျပြီး ချစ်ခဲ့သည်။

အနီးနားရှိ ဧည့်သည်အချို့ကလည်း ချီးကျူးလာကြသည်။  "ဟုတ်ပ ပြောစရတောင်မလိုဘူး၊ သခင်လေးဝမ်တီးပြသွားတာ လုံးဝကို ထိပ်တန်းမှီပဲ!"

နောက်ထပ် လူငယ်တစ်ယောက်အသံလည်းထွက်လာသည်။ "အကိုကြီး ဖျော်ဖြေပြီးပြီဆိုတော့ ညီလေးဖြစ်တဲ့ ဒုတိယသခင်လေးရှီလည်း စင်ပေါ်တက်ပြီး ဖျော်ဖြေပေးသင့်တယ်မလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now