4

23.4K 3.3K 279
                                    

Unicode

ဒီလက်ထပ်ဖို့ ဟာသက  တကယ်ဖြစ်လာတာကိုမြင် တော့ ရှီးဝေက ထပ်ဝင်ပြောလာတော့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?  ကလေးကလားနဲ့ !"

"ကလေးကလား? လော့မိသားစုရဲ့အိမ်ထဲကိုဝင်ဖို့ ခင်ဗျားပဲ အတင်းအကြပ်တိုက်တွန်းနေတာမဟုတ် ဘူးလား? " ရှီယွင်နန် တည့်တည့်မတ်မတ် မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက လှောင်ပြောင်သရော်နေလေသည်။

"အစက  ကျွန်တော် သဘောမတူပေမယ့် အန်တီရှီး က ကျွန်တော့်ကို စိတ်ပါလက်ပါ ဖြောင်းဖြခဲ့တာလေ။ အခုကျွန်တော်က လက်ခံပြီး သဘောတူပြန် တော့လည်း အန်တီက အပြေးလာပြီး တားတာပဲလား? ဘာလို့လဲ? အခုတော့ ဒီ 'ကောင်းချီး' ကိုအန်တီးရှီး က သူ့သားကို ပေးချင်တာမို့လို့များလား?

ထမင်းစားပွဲမှာ အတည်ပြုပြီးနောက်၊ ရှီယွင်နန် ဒီ မိသားစုရှိလူများကို အရမ်းကိုရွံရှာနေပြီ။ အခုအချိန်မှာတော့ သနားကြင်နာမှုမရှိဘဲ ပြောရတော့မှာပဲ။

ရှီးဝေရဲ့ နှလုံးသားထဲက လျှို့ဝှက်ချက်ကို ပြတ်ပြတ်သားသား ထိုးဖောက်ခံလိုက်ရတော့  သူမဟာ ရှက်ရွံ့စွာပဲ ဖြတ်ရိုက်ခံလိုက်လေတယ်။

"ယွင်နန်၊ ငါ့အမေက အဲ့လိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး၊ ငါ့ကို အထင်မလွဲပါနဲ့။"  ရှီးခဲယွဲ့က သူ့အမေကို ခုခံကာကွယ်ပြောဆိုဖို့ ရှေ့တိုးလာပြီး အဓိက အချက်ကို ပြောချင်ရန် မိသားစုရှိ အကြီးအကဲများကိုကြည့်လိုက်ပြီး  "ဒီလော့မိသားစုက အခြား လော့မိသားစုတွေနဲ့မတူဘူးလေ။ ကျင့်ဝတ် နဲ့လည်း မညီဘူးလေ ဟုတ်တယ်မလား?"

ဝါအရဆို လော့မိသားစုရဲ့ သခင်လေးက လော့လင်းရှန်းကို  'ဦးလေး' ဟုခေါ်ရသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော လူအိုကြီးရှီလည်းနောက်ဆုံးတော့ ပြောလာလေပြီ။ "မစ္စတာ  လော့၊ ကျွန်တော်တို့ရှီမိသားစုက ကလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဒုတိယသခင်လေးလော့နဲ့  သဘောတူထားပြီးနေပါပြီ။ မင်းကဒီလိုရုတ်တရက် လုပ်မယ်ဆိုရင်...စကားတွေ ပျံ့သွားရင် ကျွန်တော် တို့အတွက် ခက်ခဲသွားပါလိမ့်မယ်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now