Extra-12 (အကယ်၍)

7.2K 1.1K 72
                                    

Unicode

ရှီယွင်နန်တစ်ယောက် ကောင်းကောင်းမအိပ်ခဲ့ရသည်မှာ ကြာပြီမို့ တစ်ညလုံး သက်တောင့်သက်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ မျက်လုံးလေးကိုမှိတ်ထားရင် သူလုပ်နေကျအတိုင်း အပျင်းကြောဆန့်လိုက်၏။ သို့သော် နောက်တစက္ကန့်မှာပင် သူ့လက်ချောင်းလေးတွေက နွေးထွေးမှုကို ထိတွေ့သွားသည်။

သူလက်ညှိုးလေးနှင့် ထိုးကြည့်လိုက်သည့်အခါ အနည်းငယ် စူးရှရှ ခံစားလိုက်ရ၏။

ရှီယွင်နန် မျက်လုံးလေးဖွင့်ကြည့်လိုက်သည့်အခါ သူ့လက်ချောင်းများက လော့လင်းရှန်း မေးစေ့ကို ကျူးလွန်နေမှန်း တွေ့လိုက်ရလေသည်။

လော့လင်းရှန်းလည်း နိုးလာပြီး သူ့အား စိုက်ကြည့်ကာ—  "ကိုင်လို့ ဝပြီလား? မင်းက အိပ်နေရင်း ဟိုလှုပ်ဒီလှုပ် အရမ်းလုပ်တာပဲ။"

"..."

ရှီယွင်နန် ခဏတာ မှင်သက်နေပြီးနောက် သူ့နားရွက်လေးမှာ နီရဲလာတော့သည်။

သူဟာ အခုချိန်တွင် တဖက်လူ၏ လက်မောင်းအား လူသား ခေါင်းအုံးအဖြစ် အတင်းအကြပ်အသုံးပြုထားပြီး လော့လင်းရှန်း ရင်ခွင်ထဲတွင် ကွေးကွေးလေးရှိနေ၏။

ရှီယွင်နန် ဘေးသို့ အမြန်ရွှေ့လိုက်သည်။ သူ့မျက်လုံးထောင့်ကနေ လေအေးပေးစက်ကို တွေ့လိုက်သည့်အခါ ညက အဖြစ်အပျက်ကို ပြန်အမှတ်ရသွား၏။ "မီး ပြန်ကောင်းသွားပြီလား?"

"အင်း သိပ်မကြာလိုက်ဘူး။"

လော့လင်းရှန်း အမှန်အတိုင်းပြောလိုက်ပြီး သူ့အနားသို့ တိုးကပ်လိုက်သည်။ "ဒါပေမယ့် ကိုယ့်ရင်ခွင်ထဲမှာ အိပ်နေတဲ့သူကတော့ ဘယ်လောက်အော်နှိုးနှိုး လုံးဝမနိုးဘူးလေ"

"ရှီယွင်နန် မင်းကိုယ့် အိပ်ရာပေါ်မှာပဲ အိပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတာလား?"

နှစ်ယောက်သားမှာ အရမ်းနီးကပ်နေလွန်းတာကြောင့် မနက်ခင်း အနမ်းလေးကို ဖလှယ်တော့မည့် အတိုင်းပင်။

ရှီယွင်နန် ခဏတာ လန့်ဖျတ်သွားပြီးနောက် ပါးပြင် တွေမှာ ပူနွေးလာလေသည်။ "ခင်ဗျား ကျွန်တော့်ကို နှိုးတယ်ပေါ့? ကျွန်တော် ဘာလို့ မမှတ်မိတာပါလိမ့်?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now