88.2

12.3K 1.9K 74
                                    

Unicode

ရှီယွင်နန် ဘူးထဲမှ လုပ်ငန်းအစီအစဥ်ကို ထုတ်ယူလိုက်ပြီးနောက် နင်းသယ်အန်းထံလှမ်းပေးလိုက်သည်။ "ဒါက ကျွန်တော်နဲ့ အကျိုးတူပါတနာရဲ့ အဖြေပါ"

"ကျွန်တော့ဆီမှာ ပို့ဆောင်ရေးကုန်ကျစရိတ်ပြဿနာကို စျေးအနည်းဆုံးဖြစ်အောင်ကြိုးစားမယ့် နည်းလမ်းတစ်ခုရှိတယ်"

"ဝယ်ယူသူရဖို့ကတော့ အမှတ်တံဆိပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက် တစ်ခုလုပ်ပြီး အရင်ဆုံး လူသိများအောင် လုပ်ရမှာပဲ။ လူတော်တော်များများတတ်နိုင်တဲ့ ပစ္စည်းအသေးလေးတွေရောင်းတာကတော့ အပေါ်ယံပေါ့။ အမြတ်အစွန်းရဖို့အဓိက သော့ချက်ကတော့ ကာစတမ်မာတွေ စိတ်ကြိုက်သီးသန့်မှာယူတဲ့ ဒီဇိုင်းပဲ"

ရှီယွင်နန်က စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း ရှင်းပြနေ၏။

နိုင်ငံခြားမှာရောင်းမယ့် ကြွေထည်စျေးကွက်မှာ အမြတ်အစွန်းအတွက် အထောက်အပံ့ပေးနိုင်ရန်ဖြစ်သော်လည်း ဒီဇိုင်းဆွဲခြင်းကသာ သူအဓိက အာရုံစိုက်နေတဲ့အရာဖြစ်သည်။

အကယ်၍ နင်းသယ်အန်းသာ ပူးပေါင်းမယ့်ဆန္ဒရှိပါက သူတို့စတူဒီယိုတွင် နောက်ထပ် ငွေရရန်လမ်းကြောင်းတစ်ခု တိုးလာမည်ဖြစ်သည်။

နင်းသယ်အန်း ငြင်းခဲဲ့ရင်လည်း၊ နောက်ထပ် နိုင်ငံခြားစီးပွားရေးသမားကိုရှာတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတို့၏ အားတွေကို မဖြုန်းတီးတော့ပဲ လက်လျှော့လိုက်ရုံသာရှိလေသည်။

"မစ္စတာရှီ ကျွန်တော့်ကို စဥ်းစားဖို့ အချိန်နည်းနည်းလောက်ပေးပါ"

နင်းသယ်အန်းမှာ ဇဝေဇဝါ ဖြစ်နေမိသည်။

မိသားစုစီးပွားရေးကို ချုပ်ကိုင်လိုက်ပြီးနောက် သူ့ထံတွင် ပိုင်ဆိုင်မှုများစွာရှိနေသည်။ ရှီယွင်နန် ပြောသည့် စီးပွားရေးစျေးကွက် ဖြစ်လာအောင်လည်း သူ့အဆက်အသွယ်များဖြင့် ဖန်တီးလိုက်လို့ရနိုင်သည်။

အမှန်တော့ နင်းသယ်အန်းမှာ သူ့အဖိုး မဆုံးပါသွားခင်က ဆန္ဒကို အမြဲအမှတ်ရနေလေသည်။

တရုတ်လူမျိုးတစ်ယောက်အနေနဲ့ သူ့အဖိုးဟာ ဇာတိမြေကို ချစ်မြတ်နိုးသူဖြစ်၏။ သူဟာ လူတွေကို တရုတ်ပြည်မှာ စိုက်သည့် လက်ဖက်ခြောက်တွေကို သောက်စေချင်ခဲ့သလို၊ တရုတ်ပြည်တွင် လုပ်သည့် ကြွေထည်များကို လည်း အသုံးပြုစေချင်ခဲ့၏။ သူဟာ ကြီးကျယ်ခမ်းနားသည့် တရုတ်ယဉ်ကျေးမှုအကြောင်းတွေကို နားလည်စေချင်ခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now