6

21.1K 3K 30
                                    

Unicode

ထိုအချိန်မှာပဲ  ကျောင်းခေါင်းလောင်းသံက မြည် လာလေသည်။

ရှီယွင်နန်တစ်ယောက် အပြင်ထွက်ရန် တန်းစီဖို့  ဆရာကို လိမ်လိမ်မာမာလေး ရှာနေသည့် ကလေးငယ်လေးကို ကြည့်လိုက်ပြီး

"သူ့နာမည်က ဘာလဲ?"

"အိမ်မှာတော့ ရွှေငါးလေး (金鱼 -jīn yú -ကျင်းယွီ)လို့ ခေါ်ကြတယ်၊ သူ့နာမည်က လော့ကျင်းယွီလေ။" ( 今[jīn]-today, 煜[yù]- shine)

"ချစ်စရာ နာမည်ပြောင်လေးပဲ"  ရှီယွင်နန် က ပြုံးပြီး ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ် "ကလေးရဲ့ မျိုးရိုးနာမည်က လော့လား? သူ့အဖေဘက်က အဘိုးအဘွားတွေကော ဘယ်မှာလဲ?"

"ခေါင်းဆောင်က  သခင်လေးကို မိသားစုထဲခေါ် လာပြီး စောင့်ရှောက်ဖို့ ခမည်းခမက်နှစ်ယောက်ကို ဖြောင်းဖြခဲ့ရတာ။"

လော့မိသားစုက အင်အားကြီးမားပြီး အခု လော့လင်းရှန်းက ခေါင်းဆောင်ဖြစ်နေမှတော့  သူတို့ရဲ့ သားမြေးတွေကို အမြင့်ကိုမပို့ချင်တဲ့သူ မရှိဘဲနေပါ့မလား? မျိုးရိုးနာမည်ပြောင်းလို့ရတာနဲ့ ပတ်သက် တာကတော့ လော့လင်းရှန်းက အကျိုးခံစားခွင့်တွေဖလှယ်ဖို့ ပြောလိုက်တာဖြစ်၏။

ဦးလေးချင်ကပြောလာလေသည်။

"ဒုတိယသခင်လေး မင်းဒီမှာခဏစောင့်နေလိုက်ပါ။ ဦးလေး သခင်လေးကို သွားခေါ်လိုက်မယ်"

"ကောင်းပါပြီ။"

ရှီယွင်နန်  အဲ့မှာ ခဏရပ်နေပြီးနောက် ဦးလေးချင် က ရွှေငါးလေးကို ခေါ်ထုတ်လာတာကို တွေ့လိုက်ရလေသည်။

အနီးကပ်ကြည့်လိုက်တော့ လော့ကျင်းယွဲ့ ရဲ့မျက် နှာလေးက ကလေးအဆီလေးတွေနဲ့ ဝဝကစ်ကစ် လေးဖြစ်၏။ သူသည် မူကြိုကလေးတွေအတွက် ပြင်ဆင်ပေးထားသည့် အဝါရောင်ဦးထုပ်လေးကို ဆောင်းထားပြီး လက်တစ်ဆုပ်စာ ဆံပင်လေးတွေ လွင့်နေသည်က သူ့ကို အလွန်ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းစေသည်။

"သခင်လေး လာ၊ ဖိုးဖိုးချင် သားကို လူတစ်ယောက် ပြမယ်" ဦးလေးချင်က ရှီယွင်နန်ကို ကြည့်လိုက်ရင်း  ရုတ်တရက် ကလေးလေးခေါ်ရမည့်အခေါ်အဝေါ်နဲ့ ပတ်သတ်ပြီး အနည်းငယ် စိတ်ရှုပ်သွားတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now