8

19.8K 3.2K 172
                                    

Unicode

သာမန်အပြင်လူတွေရဲ့  ပါးစပ်ဖျားထဲမှာတော့  လော့ယန်ချွမ်းက အသိဥာဏ်မရှိ  အရည်အချင်းမရှိ  ချမ်းသာတဲ့  သခင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ အသက်နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ် ရှိတာတောင် ဘာအလုပ်မှမယ်မယ်ရရ မရှိပေ။ သူက အပျော်အပါးမက်ပြီး ကာမဂုဏ်မှာ အမြဲပျော်မွေ့ဖို့သာ သိသည့်သူဖြစ်သည်။

သို့သော် ရှီယွင်နန် အိမ်မက်ထဲက မူရင်းစာအုပ်မှာတော့  လော့ယန်ချွမ်းက  အတုအယောင်မျက်နှာဖုံးကို ၀တ်ထားသည့် အလားတူ ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင်ဖြစ်၏။

လော့မိသားစုပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ချိန်တွင်  လော့ယန်ချွမ်းရဲ့ မိဘများက လိပ်ခွံထဲသာ နေရန် ဆန္ဒရှိခဲ့ကြသည်။ လော့အိမ် ကြီးနှင့်တတိယအိမ်ကဲ့သို့ဝမ်းနည်းဖွယ်အဆုံးသတ် မဟုတ်ခဲ့သော်လည်း၊ သူတို့အား လော့လင်းရှန်းကသာ  ထိန်းချုပ်ထားနိုင်ခဲ့သည်။

မိဘများ ဆုတ်ခွါခဲ့ခြင်းကြောင့် မိသားစု ပိုင်ဆိုင်မှု အများအပြား ဆုံးရှုံးခဲ့ရသည်။ လူငယ်ဖြစ်တဲ့ လော့ယန်ချွမ်းလည်း မိသားစုခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်မည့်  အခွင့်အရေးကို လက်လွှတ် ခဲ့ရသည်။

လော့ယန်ချွမ်းက  အပြင်ဘက်တွေသာ ဂရုမစိုက် ဟန် ပြုမူနေသော်လည်း  လက်တွေ့တွင်မူ သူ့မိဘများရဲ့  အားနည်းချက်နှင့် အရည်အချင်းမရှိခြင်းကို မုန်းတီးခဲ့သည်။

တစ်ဖက်တွင် မိမိကိုယ်မိမိ အရှုံးသမားပုံစံ ဟန် ဆောင်ပြီးသူ့ရဲ့ ရည်ရွယ်ချက်များကို အရက်နှင့် ဖုံးကွယ်ထားခဲ့သည်။ အခြားတစ်ဖက်တွင်မူ ရည်မှန်းချက်ကြီးပြီး နောက်ဆုတ်ဖို့ မလိုလားသောကြောင့်  သူ့ရဲ့ အသက်မွေးဝမ်းကြောင်းတွင် တိတ်တဆိတ် လုပ်ငန်းတွေလုပ်နေခဲ့သည်။

ဒါတွေက အိမ်ထောင်ပြုရမှာကြောင့် ထွက်ပြေးနေတဲ့ လော့ယန်ချွမ်းက ရှီးခဲယွဲ့နဲ့ မတွေ့ဆုံခင်ချိန်ထိပင်။

တွေ့ဆုံတယ် ၊ သိကျွမ်းလာတယ်၊  တစ်ယောက်နဲ့ တစ်ယောက်ချစ်လာကြတယ်။  လော့ယန်ချွမ်းက  ရှီးခဲယွဲ့ရဲ့  ထူးထူးခြားခြား ရင်းနှီးမြုပ်နှံတတ်တဲ့စွမ်းရည်ကို မြင်တွေ့ပြီး တစ်ဖက်သားရဲ့ စိတ်နှလုံးအတွင်း စိတ်ကြီးဝင်ခြင်းကို  နားလည်သဘောပေါက်ကာ သူ့ရဲ့ အင်အားနဲ့ လိုက်ဖက်ကြောင်း သိရှိခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now