17

17.8K 2.8K 52
                                    

Unicode

ရောက်လာသောသူဟာ တစ်ကိုယ်လုံးကို ငွေရောင် အဆင်တန်ဆာများဖြင့် ကွန့်ထားတဲ့ အဖြူရောင်ဝတ်ဆုံကို ဝတ်ဆင်ထားပြီးသည်။ သူက ရှန်ပိန်ခွက် တစ်ခွက်ကို ကိုင်ဆောင်ထားပြီး မျိုးရိုးမြင့်သူတို့ရဲ့ ကျက်သရေကို ပြသနေသည်။

ထိုလူမှာ ရှီယွင်နန်ရဲ့ အမွှာအစ်ကို ဝမ်းရိပေပင်။

ဘေးလူများအတွက်  ညီအစ်ကိုနှစ်ယောက်က ရုပ်ရည်နဲ့ကအစ  ခွဲခြားရန် အရမ်းလွယ်ကူနေ၏။ စိတ်နေစိတ်ထားမှာလည်း လုံးဝကွဲပြားလေသည်-

ဝမ်းရိပေက ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မျက်ခုံးမွှေးများဖြင့် မြင့်မြတ်ပြီး ကြော့မော့သော သူဖြစ်သည်။  သူ့တစ်ကိုယ်လုံးမှာ အနုပညာရှင်တစ်ယောက်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ကျက်သရေမျိုးရှိနေ၏။ ရှီယွင်နန်ရဲ့ အသွေးအသားကတော့ အရိုင်းဆန်ပြီး ရက်စက်သည့်ပုံစံကို ဖုံးကွယ်ထားကာ ပြုံးနေသည့်အခါမှာတောင်  သူက မနာခံဘူးဆိုတဲ့  ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ဝမ်းရိပေက ရှီယွင်နန် ရှေ့တည့်တည့်တွင် ရပ်နေပြီး သခင်လေး၊ သခင်မလေး အုပ်စုကို ကြည့်ပြီး သူ့လေသံက မပြင်းထန်သော်လည်း ရှီယွင်နန်ကို ကာကွယ်နေသည်မှာ သိသာလွန်းသည်။

"ယွင်နန် ဝတ်ချင်တာ ဝတ်လို့ရတယ်။ ငါတို့က မင်းတို့ အထင်အမြင်ကို လိုနေလို့လား?"

"သူက ရှီမိသားစုရဲ့ ဒုတိယသခင်လေးဖြစ်သလို၊ သူ့နောက်မှာ ဝမ်းမိသားစုနဲ့ ငါလည်း ရှိသေးတယ်။ သူက အချစ်မခံရတဲ့ ကလေးလို့ မင်းတို့ကဘယ်လို လုပ်ပြောနိုင်တာလဲ?"

လက်ပူးလက်ကြပ်မိသွားတဲ့ သခင်လေးဝေကတော့ ထိုအချိန်တွင်  အနည်းငယ်ရှက်သွားသော်လည်း တစ်ဖက်သားရဲ့ နောက်ခံကြောင့် ပြန်လည်မခြေပနိုင်ပေ။

ဝမ်းရိပေ နှင့် ရှီယွင်နန်မှာ အမြွှာညီအကိုများဖြစ် ကြသော်လည်း ဒီနှစ်များတစ်လျှောက် သူတို့ရဲ့ အောင်မြင်မှု အခြေအနေမှာ အလွန်ကွာခြားလှသည်။

အကိုဖြစ်သူက သူ့အဘိုးနဲ့အတူ ဝမ်းအိမ်တော်ကို လိုက်သွားပြီး သူ့မျိုးရိုးနာမည်ကို ဝမ်းလို့ ပြောင်းခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now