19

18.4K 2.8K 179
                                    

Unicode

လော့လင်းရှန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည့် မေးခွန်းဟာ မငြိမ်မသက်ပင်လယ်ပြင်ပေါ်သို့ နောက်ထပ် တိုက်လာသည့် လေပြင်းနှင့်တူလှသည်။

ဧည့်သည်များမှာ သူတို့စိတ်ထဲက မုန်တိုင်းလှိုင်းများကို ခက်ခက်ခဲခဲ ဖိနှိပ်ထားနေရပြီး ခဏတာ မတုံ့ပြန်နိုင်ခဲ့ကြပေ။

သူတို့ မှားမြင်နေတာလား? လော့လင်းရှန်းက ဒီလိုစီးပွါးရေးနဲ့ပတ်သတ်တဲ့ ဧည့်ခံပွဲကြီးကို တကယ် လာတာလား?

သူတို့ မှားကြားမိလိုက်တာမဟုတ်ဘူးမလား? ရှီယွင်နန်ကို ရှီမိသားစုက နိုင်ငံခြားမှာ ပစ်ထားတာ မဟုတ်ဘူးလား? သူ ဘယ်တုန်းက လော့လင်းရှန်းနဲ့ သိသွားတာလဲ?

လော့လင်းရှန်းရဲ့  မမြင်ရသော အစွမ်းထက်တဲ့ အရှိန်အဝါကြောင့် ဧည့်သည်တစ်ဦးမှ ခွင့်မပြုဘဲ စကားမပြောရဲပေ။ သူတို့ မျက်လုံးများနှင့်သာ ပြောဆိုရဲကြသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

ရှီယွင်နန်သည် တဖြေးဖြေး နီးကပ်လာသော လော့လင်းရှန်းရဲ့ ပုံရိပ်ကို ကြည့်ပြီး  ခုနအပေါ်စီးကနေ မေးလာတဲ့ မေးခွန်းကို ပြန်သတိရသွားသည်။ သူ့ပါးစပ်ထောင့်က သူတောင်သတိမထားမိတဲ့ ကျေနပ်မှုလေးတွေနဲ့  အူးမြူးနေလေသည်။

လော့လင်းရှန်းက  ရှီယွင်နန်ရဲ့  ပြုံးနေသော မျက်လုံးများကို တွေ့တော့  လက်မောင်းပေါ်သို့ သူ့လက်ချောင်းထိပ်များဖြင့် ခဏလောက်ခေါက်နေရင်း ပြောလိုက်သည်။

"ဒီကို လာခဲ့"

အလွန်ပေါ့ပါးပြီး နူးညံ့သိမ်မွေ့တဲ့ စကားလုံး လေးလုံးဖြစ်၏။ အရင်ကလို တခြားသူအပေါ် ထားတဲ့ ပြင်းထန်တဲ့ ဖိအားမျိုး လုံးဝမပါပေ။

ရှီယွင်နန်သည် တညီတညွတ်တည်း တုန်လှုပ်ခြောက်ခြားနေသော လူတိုင်းရဲ့ မျက်လုံးများအောက်တွင်အမြန် ရှေ့ကို တိုးလာကာ ဝီးချဲလ်ပေါ်မှ လူကို ပြုံးကာ ပြောလိုက်သည်။

"ဒီပွဲက စိတ်ဝင်စားဖို့လည်း မကောင်းဘူး။ ခင်ဗျား ဘာလို့ စောစောရောက်လာတာလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now