23

18K 2.7K 366
                                    

Unicode

လှေကားမှ လျင်မြန်စွာ တက်လာသော ခြေသံများမှာ ရှီယွင်နန်ရဲ့ မမေးလိုက်ရသေးတဲ့စကားကို နှောက်ယှက်လာတော့သည်။

အပေါ်ထပ်သို့တက်လာသော ချင်ကျန်းတစ်ယောက် စာကြည့်ရှေ့က လူနှစ်ယောက်ကိုမြင်ပြီး သဘာဝမကျစွာ တန့်သွားတော့သည်။

"... ခေါင်းဆောင်၊ ကျွန်တော်တောင်းပန်ပါတယ်"

ရှီယွင်နန်သည် ရုတ်တရက် အမိခံလိုက်ရတော့ စိတ်မသက်မသာဖြစ်ကာ ခုနက တက်ကြွနေတဲ့ အတွေးများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူပြောမယ့်စကားကို အရှိန်သတ်လိုက်ပြီး  ခပ်တည်တည်ပဲ အဝေးကို ကြည့်ချင်ယောင်ဆောင်လိုက်ကာ မေးလိုက်လေသည်။

"ခင်ဗျား အလုပ်ရှုပ်နေတာလား?"

လော့လင်းရှန်း သူ့လက်ထဲက မျက်မှန်ကို ပြန်ယူလိုက်ပြီး တပ်လိုက်ကာ သူ့မျက်လုံးတွေထဲမှ နက်နဲတဲ့ အဓိပ္ပာယ်ကို ဖုံးလိုက်သည်။

"အစည်းအဝေးတစ်ခု ထပ်ရှိသေးလို့။"

မနေ့ညက ရှီယွင်နန်ရဲ့ ဖိတ်ကြားမှုကြောင့် အစက နေ့လည် ၁ နာရီမှာ လုပ်ဖို့စီစဉ်ထားတဲ့  အစည်းအဝေးကို လော့လင်းရှန်းက ယာယီရွှေ့ဆိုင်းခဲ့သည်။  သူလက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းတွေ ကိုယူရန် စာကြည့်ခန်းထဲသို့ ပြန်ဝင်လာတာဖြစ်လေသည်။

"အိုး ဒါဆိုလည်း ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး"

ရှီယွင်နန် သူ့ကိုယ်ဟန်အနေအထားကို ပြန်တည့်မတ်လိုက်၏။

သူ လော့လင်းရှန်းဝတ်ထားသော နာရီကို ငုံ့ကြည့် လိုက်ပြီး မပြုံးမိဘဲ မနေနိုင်တော့ပေ။

"လော့လင်းရှန်း"

"အင်း?"

"ခင်ဗျားကို ပြောဖို့ မေ့သွားတယ်။"

ရှီယွင်နန်က ဘာမှမဝတ်ထားတဲ့ သူ့လက်ကောက်ဝတ်ကို ပုတ်ပြလိုက်ပြီး သူ့လေးက ကခုန်နေသလိုမျိုး ရွှင်လန်း တက်ကြွနေ၏။

"ဒီနာရီက  အတွဲလိုက်ပဲဝယ်လို့ရတာ။ ကျွန်တော့မှာ လည်း တစ်လုံး ရှိတယ်၊ ခင်ဗျား စိတ်ထဲမထားဘူးမလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now