29.1

17.5K 2.6K 96
                                    

Unicode

FYUE Club ရုတ်တရက်ပြိုလဲသွားတော့  အင်ပါယာမြို့ရှိ ကရတာကြိုက်သည့်သူ၊ အရက်သောက် အပန်းဖြေချင်ကြသူများမှာ သူတို့ပိုက်ဆံကို အလဟသသုံးနိုင်မည့်  နေရာကြီးတစ်ခု ဆုံးရှုံးလိုက်ကြရသည်။

လက်ရှိ ရှီယွင်နန်နှင့် ဖုကျစ်ယွီ ရင်းနှီးမြုပ်နှံထားသည့် DOLL Clubဟာ လူသိရှင်ကြား တရားဝင်ဖွင့်လှစ် ထားလေပြီ။ တစ်ပတ်အတွင်း ဖောက်သည်အစုလိုက်ကို ဆွဲဆောင်နိုင်ခဲ့သည်။

အစမ်းဖွင့်ချိန်မှ ယခုအချိန်အထိ နေ့စဉ်လာရောက်သူများနှင့် ပြည့်နေ၏။

ရှီယွင်နန်မှာ သူ့သူငယ်ချင်းဦးထားပေးသည့် VIP ထိုင်ခုံမှာ ထိုင်နေပြီး အကကြမ်းပြင်ပေါ်တွင် အကြမ်းပတမ်း ကခုန်နေသည်လူအုပ်ကို စိတ်ဝင်တစား စိုက်ကြည့်နေမိသည်။

"လာ၊ Chivas Collector's Edition ဝီစကီလေ၊ မကြာသေးခင်ကမှ ငါ့လက်ထဲရောက်လာတာ။"

ဖုကျစ်ယွီက အနက်ရောင်ရယ်၊ ရွှေရယ်ဖြင့်ထုပ်ပိုးထားသည့် ဝိုင်ပုလင်းကို ဖြည်းဖြည်းချင်းချကာသူ့ ရှေ့တွင်ထိုင်လာသည်။ "ငါတစ်ယောက်တည်းတောင် မသောက်ဘူး။ မင်းနဲ့တူတူ ဒီကိုလာပြီး ဂုဏ်ပြုဖို့ စောင့်နေတာ။"

"ငါ ဒီရက်ပိုင်းအလုပ်တွေများနေတာ၊ အချိန်ရတာနဲ့ ဒီကိုလာခဲ့တာပဲ။"

ရှီယွင်နန်က သူ့သူငယ်ချင်းနှင့် ဖန်ခွက်တိုက်လိုက် ပြီး တစ်ချက်တည်းနဲ့ မော့လိုက်သည်။၊ နှစ်ခွက် သောက်ပြီးနောက် အရက်ကပြင်းတာကြောင့် သီးသွားတော့သည်။

မကောင်းတဲ့ သူငယ်ချင်း ဖုကျစ်ယွီကတော့ မကူညီရုံသာမက လာစနေသေးသည်။  "ငါပြောသားပဲ ဒါက ရှားပါး စုဆောင်းသူရဲ့ ဝိုင်ပြင်းပါလို့။ အရသာခံပြီး ဖြည်းဖြည်းချင်း သောက်ရမှာ။ တစ်ခါတည်း ဒီလောက်သောက်တာကို ဘယ်သူခံနိုင်ရည်ရှိမှာလဲ?"

ရှီယွင်နန်မှာ ပြင်းပြင်းထန်ထန် သီးသွားတော့ လက်ကျန်ဝိုင်ပါတဲ့ဖန်ခွက်ကို ချလိုက်ပြီး မသောက်တော့ပေ။ "မြန်မြန် ပျော့တဲ့ စပျစ်ဝိုင်ယူလာပေး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now