29.2

15.6K 2.6K 94
                                    

Unicode

နာရီဝက်အကြာ၊  ရုန်ရှင်းခရိုင်ရဲစခန်းတွင်

ညိုမဲအောင် အရိုက်ခံထားရသည့် ယွမ်ရွေ့မှာ မျက်လုံးများနီရဲနေပြီး စကားမပြောဘဲ ကုလားထိုင်ပေါ်တွင် သာ ထိုင်နေ၏။သို့သော်လည်း သူအမူးပြေနေပြီပင်။

ရှီယွင်နန်ကတော့ တစ်ဖက်မှာ တည်တည်ငြိမ်ငြိမ်လေးပဲထိုင်နေပြီး  စိတ်ပူနေတဲ့ ဝမ်ရိပေကတော့ သူ့နောက်မှာရှိနေလေသည်။

နှစ်ဖက်ကြား ရန်ဖြစ်သံက ကျယ်လောင်လွန်းကာ နိုက်ကလပ်ရှိ အခြားဧည့်သည်များရဲ့ အာရုံကို ဖမ်းစားသွားခဲ့သည်။ ဧည့်သည်အချို့က ကြီးကြီးမားမားဖြစ်လာမှာကို စိုးရိမ်ကာ လုအုပ်ထဲမှာ ပုန်းပြီး ရဲတွေကို တိတ်တိတ်လေးခေါ်ခဲ့ကြသည်။

နိုက်ကလပ်က ဒီနယ်မြေက ရဲစခန်းနဲ့ လမ်းတစ်လမ်းသာဝေးတာကြောင့်

နိုက်ကလပ်မှာ ခိုက်ရန်ဖြစ်ပွါးနေသည်ကို သိတာနှင့် ရဲများက ငါးမိနစ်အတွင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာကာ သူတို့နှစ်ဦးအား စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့ကြသည်။

မလှမ်းမကမ်းမှာတော့ နိုက်ကလပ်ပိုင်ရှင်ဖြစ်သည့် ဖုကျစ်ယွီက ရဲများအား အခြေအနေကို ရှင်းပြရန် အလုပ်များနေ၏။

"မင်းကိုကြည့်ပါအုံး၊ လက်တွေက ပွန်းပဲ့ကုန်ပြီ။"

"ကောကလည်း  ဒီဒဏ်ရာလောက်လေးများ ကျွန်တော် အဆင်ပြေပါတယ်။"

ရှီယွင်နန်က ဒီပွန်းပဲ့ရာလေးတွေကို လုံးဝ ဂရုစိုက်မနေဘဲ ပြန်သာမေးလိုက်သည်။  "ကောရဲ့ ခါးရော နာနေသေးလား? ဘာလို့ ဆေးရုံသွားပြီး CT စကင်န်သွားမရိုက်တာလဲ? ကောရဲ့ခါးသာ ဒဏ်ရာအပြင်းအထန်ရသွားရင် ယွမ်ရွေ့နဲ့ ကျွန်တော် ဒီမှာ တင်မပြီးဘူးမှတ်။"

သူပြောပြီးသည်နှင့် ခုံတန်းလျားတစ်ဖက်ရှိ ယွမ်ရွေ့ကို ကြည့်လိုက်သည်။ တစ်ဖက်ကလူမှာ ကုလားထိုင်ပေါ်တွင် ခေါင်းကိုငုံ့ထားရင်းထိုင်နေပြီး  သူရဲ့ ဆုပ်ထားတဲ့ လက်သီးဆုပ်ကနေ သွေးများစွာ စီးကျနေသည်။

"အဲ့ကျောက်စိမ်းဆွဲသီးက သူ့အတွက် အရမ်းအရေးပါတဲ့ပုံပဲ။ တစ်ချိန်လုံး သူ့လက်ထဲမှာ ကိုင်ထားတယ်။ " ဝမ်ရိပေက သူ့ညီကို တိုးတိုးလေးပြောလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now