Unicode
ချက်ချင်းဆိုသလိုပင်၊ ရှီယွင်နန်ရဲ့ နှလုံးသားလေးမှာ ဒီအမှောင်ထုကြီးက ဖြစ်ညစ်ထားသလို ခံစားလိုက်ရသည်။
သူ ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ဖုန်းကို ထုတ်ကာ မီးကိုဖွင့်ပြီး အမြန်ပြေးထွက်သွားသော်လည်း မထင်ထားသည့်အရာမှာ ဂိုဒေါင်တံခါးပါ ပိတ်သွားလေပြီ။
"အဲ့မှာ ဘယ်သူရှိလဲ?"
ရှီယွင်နန် ထိန်းမရနိုင်တဲ့ အသံတုန်တုန်ယင်ယင်ဖြင့် အကျယ်ကြီး အော်လိုက်သည်။
အတွင်းရော အပြင်ရောမှာပါ ဗလာဖြစ်နေပြီး သူ့ကို ဘယ်သူမှ မတုံ့ပြန်တာတော့ သနားစရာပင်။
ဖုန်းတွင် နိုတီတစ်ခု ပေါ်လာပြီး ဖန်သားပြင်ပေါ်တွင် 'ဘက်ထရီ 5% ထက်နည်းနေပြီ' ဆိုသည့် သတိပေးချက် ပြလာသည်။
ရှီယွင်နန်ရဲ့ မျက်လုံးများ အနည်းငယ် တုန်ယင်သွားပြီး ဒီလိုပတ်ဝန်းကျင်တွင် အေးဆေးတည်ငြိမ်ရန် သူ့ကိုယ်သူ တွန်းအားပေးနေမိသည်။ ဒါပေမယ့်လည်း ဘက်ထရီကိုချွေတာဖို့ မီးကို ပိတ်ရန် တွန့်ဆုံ့နေသေးသည်။
အသက်ရှုကြပ်လာသည်ကို ထိန်းညှိလိုက်ပြီး အကူအညီတောင်းရန် ဖုန်းအလိုလို ခေါ်မိသွားသည်။
—တူ တူ
ခေါလိုက်သည်နှင့် ချက်ချင်း အမြန် ချိတ်ဆက်သွားတော့သည်။
"ဟေ့ အလုပ်ပြီးပြီလား?"
လော့လင်းရှန်းရဲ့ အသံဩဩကြီးမှာ သူ့နားထဲတိုးဝင်လာတော့၊ ရှီယွင်နန် တစ်ယောက် ထိန်းမရနိုင်စွာ အသက်ရှူကြပ်လာတော့သည်။
"လော့လင်းရှန်း၊ ကျွန်တော် ယွမ်ကျောက်စိမ်းစက်ရုံမှာ ပိတ်မိနေတယ်။" သူအသက်ကို ရှူထုတ်ကာ ပြောလိုက်လေသည်။
"အရမ်း မှောင်တာပဲ။"
ဖုန်းတစ်ဖက်ရှိ လော့လင်းရှန်းမှာ ချက်ချင်း တုံ့ပြန်လာတော့သည်။ "လင်းလုံ ကျောက်စိမ်းဈေးနောက်က ယွမ်စက်ရုံလား?"
သူက ယွမ်မိသားစုအသစ်မှတ်ပုံတင်ထားသည့် ဒီဇိုင်းကုမ္ပဏီကို စုံစမ်းရန် ချင်ကျန်းကို ပြောထားတာဖြစ်သည်။ ထိုနေရာက လင်းလုံစျေးနောက်မှာ ရှိတာပင်။

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.