42

16.4K 2.6K 63
                                    

Unicode



၁၀ရက်ကြာပြီး​နောက် ၊ အင်ပါယာနန်း​တော်ဟိုတယ်တွင်

လော့လင်းရှန်းတို့  ရောက်လာမှာကို​ ဝင်​ပေါက်မှာစောင့်​နေတဲ့ စားပွဲထိုးက ချက်ချင်းသူတို့ကို မှတ်မိသွားကာ၊ အ​ရှေ့ကိုလှမ်းပြီး ယဥ်​ယဉ်ကျေးကျေး နှုတ်ဆက်လာသည်။ "နိ​ဟောင် မစ္စတာလော့ ၊အ​ပေါ်ဆုံးထပ်အခန်းမှာ ကျွန်​တော်တို့ အကုန်လုံးစီစဥ်ပြီးသွားပါပြီ။ကျွန်​တော်နဲ့လိုက်ခဲ့ပေးပါ။"

ရွှေငါး​လေးက စူးစူးစမ်းစမ်းဖြင့်၊ ခမ်းနားတဲ့ဟိုတယ်လော်ဘီကို ကြည့်ပြီး ရှီယွင်နန်ရဲ့လက်လေးကို လှုပ်ကာ "ရှောင်ရှူရှူ သားတို့ အိမ်မပြန်ဘူးလား?"

"ဟင့်အင်း။ ဒီ​နေ့က ဖိုးဖိုးချင်ရဲ့ မွေးနေ့မို့လို့ ရှူရှူတို့ ဒီမှာပဲ ညစာစားကြမှာ။ "ရှီယွင်နန်က ရွှေငါး​လေးကို အလွယ်တကူပဲ မ ချီလိုက်သည်။

ဦး​လေးချင်မှာ ရင်ထဲထိသွားပြီး၊ ပြန်ပြောလာတော့သည်။ "ခေါင်း​ဆောင်နဲ့ မစ္စတာရှီ၊ ဒီလိုမျိုး ဒုက္ခခံစရာမလိုပါဘူး။ ကျွန်တော့် အသက်က ငါးဆယ်ပဲပြည့်နေပြီကို ဘာလို့မွေးနေ့ပွဲလုပ်နေအုံးမှာလဲ? ဒါက ခေါင်းဆောင်တို့ အားလုံးရဲ့ အချိန်ကို ဖြုန်းနေတာပဲ။"

"မိသားစုအ​နေနဲ့ အတူတူ ထမင်းစားတာကို ဘယ်လိုလုပ်အချိန်ဖြုန်းတယ်လို့​ခေါ်မှာလဲ?" ရှီယွင်နန်က လော့လင်းရှန်းအစား တုံ့ပြန်လိုက်သည်။

အိမ်တော်ထိန်းချင်မှာ နဂိုက လော့လင်းရှန်အ​ဖေအတွက် အလုပ်လုပ်သော လက်ထောက်တစ်ဦးဖြစ်ပြီး၊နောက်ပိုင်းတွင် သူက လော့အိမ်တော်ရဲ့ အကူဖြစ်လာခဲ့သည်။ သူ့ဇနီးသည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ကာ၊ သားသမီး မကျန်ရစ်ခဲ့ပေ။

နှစ်အများကြီးအကြာမှာတောင်၊ သူက နောက်ထပ်မိန်းမတစ်​ယောက် ထပ်မရှာခဲ့ပေ။

ဦး​လေးချင်ရဲ့ စိတ်ထဲမှာတော့ လော့လင်းရှန်နဲ့ ရွှေငါး​လေးကို သူ့ရဲ့သားနဲ့​မြေးအဖြစ်ဆက်ဆံခဲ့သည်။

လော့လင်းရှန်းက သူ့(ဦး​လေးချင်)ရဲ့ ကြင်နာမှု​တွေကို အမြဲတမ်းမှတ်မိ​ခဲ့ပေမယ့်လည်း သူ့အ​နေနဲ့ နှုတ်ဖြင့် ဖော်ပြဖို့ခက်ခဲ ခဲ့သည်။ မ​နေ့က မတိုင်ခင်တစ်ရက်တွင် ရှီယွင်နန်က အောင်ပွဲခံညစာစားဖို့ အကြံပေးလာသောအခါ၊ သူက သ​ဘောတူခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now