Unicode
၁၀မိနစ် ကြာပြီးနောက် ရှီယွင်နန် အပါအဝင် ဒီဇိုင်နာအားလုံး အစည်းအဝေးခန်းထဲမှထွက်လာကြသည်။
"ပရောဂျက် မစခင် ခေါင်းဆောင်ပြောင်းတာ ဘာကိစ္စဖြစ်လို့ပါလိမ့်?"
"ဘယ်သူသိမှာလဲ? ဒါမယ့် သူတို့ရဲ့ကျောက်စိမ်းပစ္စည်းတွေ အမှန်တကယ် နာမည်ကြီးတဲ့အပြင် ၊ယွမ်
ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကတော့ တော်တော်ရက်ရောတယ်။ ယွမ်က သူတို့စာချုပ်အရ ပိုက်ဆံပေးနေသရွေ့ ငါကတော့ ဒီဇိုင်းဆွဲပေးမှာပဲ။""အမှန်ပဲ၊ ဒါပေမယ့် ရေရှည်တိုးတက်ဖို့က ရေတိုအမြတ်နဲ့ မတူဘူးလေ..."
ဒီဇိုင်နာခြောက်ယောက်မှာ စတူဒီယိုမှ ထွက်လာစဉ် ပြောနေကြသည်။
ရှီယွင်နန်ကတော့ သူရဲ့အိတ်သေးသေးလေးကိုယူကာ အခြားသူများနှင့်မလိုက်ဘဲ ရုံးခန်းနားမှာသာ ထိုင်နေလိုက်သည်။
ဒီနေ့ သူက ဒီဇိုင်းမူကြမ်းကို ယူလာခဲ့ပြီး လုကျောက်အန်းက လိုအပ်ချက် သုံးခုကို ယာယီတင်ပြခဲ့လျှင်တောင် သူက ဒီလုပ်ငန်းအစီအစဉ်ကို ပြောင်းလဲဖို့ ရည်ရွယ်ချက်မရှိပေ။
သူက ဘယ်သူနဲ့ လက်တွဲပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေရှိပါစေ၊ ကတိပေးထားတဲ့ ဒီဇိုင်းလုပ်ငန်းကို အချိန်မီပြီးအောင်သာ လုပ်မည်ဖြစ်သည်။
ဒါတွေဟာ ရှီယွင်နန် ဒီဇိုင်းလုပ်ငန်းသို့ ဝင်ရောက်ပြီးနောက် သူကိုယ်တိုင် ချမှတ်ထားတဲ့ တင်းကျပ်သည့် စည်းမျဉ်းများပင်။
ရှီယွင်နန်သည် လုကျောက်အန်း နှင့် ယွမ်ရွေ့ တို့ ထိုင်နေဆဲဖြစ်သည့် ပိတ်ထားသော အစည်းအဝေးခန်းတံခါးကို တစ်ချက်ကြည့်လိုက်သည်။ အေးခဲနေသည့် ဖန်သားနှင့်ပင် အတွင်း၌တိတ်ဆိတ်ပြီးအေးခဲနေမယ့် လေထုရှိနေသည်ကိုပင် သူ စိတ်ကူးကြည့်နိုင်သည်။
မကြာမီတွင်၊ ပြင်းပြင်းထန်ထန် အငြင်းပွါးလာကြ၏။ ထိုအသံမှာ ယွမ်ရွေ့ရဲ့ တစ်ဖက်သတ် ပေါက်ကွဲသံနှင့် ပိုတူလေသည်။
"အဖေက ခဲယွဲ့ရင်းနှီးမြှုပ်နှံတာကို လက်မခံဘူး။ပြီးတော့ ခင်ဗျားက ဒီလုပ်ငန်းကို စွန့်လွှတ်လိုက်တယ်။ ခင်ဗျားက ကျွန်တော်ကို အမှိုက်စတစ်ခုလို လွှတ်ပစ်လိုက်ပြီး ကျောက်စိမ်းဒီဇိုင်းစတူဒီယိုကို စီမံခန့်ခွဲခွင့်ပေးလိုက်တာလား? လုကျောက်အန်း၊ ကျွန်တော် ခင်ဗျားရဲ့တရားနည်းလမ်းကျစာနာထောက်ထားတဲ့စိတ်ကို မလိုအပ်ဘူး!"

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.