48.1

14.1K 2.5K 35
                                    

Unicode

ယွမ်မုန်ရဲ့ သတိမှာ ချက်ခြင်းနိုးကြားသွားပြီး သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ လော့လင်းရှန်းနား ချဉ်းကပ်လာသူအား လက်ဆန့်ကာ တားလိုက်သည်။ "ကျေးဇူးပြု၍ ခဏ။"

တစ်ဖက်သားရဲ့ ရုပ်ရည်အသွင်အပြင်မှာ အရမ်းအဆန်းကြီး မဟုတ်သော်လည်း ကြယ်ပွင့်လူငယ်တွေလိုမျိုး တောက်တောက်ပပ မက်မွန်ပုံစံမျက်လုံးလေးတွေမှာ တကယ့်ကိုဆွဲဆောင်မှုရှိလှသည်။

သူက အခြားနိုက်ကလပ်သွားလာနေသူများနဲ့ ၀တ်စားထားပုံမှာ မတူပေ။ သူရဲ့ ရိုးရိုးရှင်းရှင်းအဝတ်အစားများသည် အရပ်ရှည်ပြီး တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ကို ပေါ်လွင်စေကာ သူ့အားသက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးပုံစံမျိုး ထင်ပေါ်စေသည်။

ယွမ်မုန့်က သူ့ကို ဟန့်တားလိုက်ပြီး ရိုးရိုးရှင်းရှင်း အရေးမပါသလို နှုတ်ဆက်လိုက်လို့ ဖြစ်ကောင်းဖြစ်နိုင်၏။ ထိုဧည့်သည်မှာ ထိုင်ရန် ငုံ့ကြည့်လိုက်သည်နှင့် တပြိုင်နက် သူရဲ့ မျက်စောင်းဟာ ဆူးချွန်တွေလိုမျိုး လူတွေရဲ့ နှလုံးသားထဲထိ စိမ့်ဝင်လာသည်။ ချက်ချင်းပင်၊ လေထုမှာ "အန္တရာယ်" အငွေ့အသက်နှင့် ပြည့်နှက်သွားလေသည်။

"လော့လင်းရှန်း၊ မင်းဘော်ဒီဂတ်က အရမ်းသတိထားနေတာမဟုတ်ဘူးလား?"

ရယ်သံလေးနဲ့ ရောယှက်နေသည့် အမေးဟာ ယွမ်မုန်အတွက်တော့ မကျေနပ်သတိပေးချက်သံတစ်ခုလိုပင်။

လော့လင်းရှန်းနောက်လိုက်ပြီး လူအမျိုးမျိုးနဲ့ ဆုံတွေနေရသည့် ယွမ်မုန်မှာ အရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားသည်ကို ချက်ခြင်းသတိထားမိသွားပြီး စိတ်ထဲကနေ အံ့ဩသွားတော့သည်—ဒီလူရဲ့ အရှိန်အဝါက ခေါင်းဆောင် အရှိန်အဝါနဲ့တောင် ယှဉ်လို့ရတယ်။

ဒါပေမယ့်၊ လော့လင်းရှန်းရဲ့ အေးစက်စက် အရှိန်အဝါက အပြင်ဘက်မှာ ပေါ်လွင်နေပြီး ဒီလူရဲ့ အေးစက်စက် အရှိန်အဝါက အတွင်းမှာ ဖုံးကွယ်ထားတယ်။

"....."

ယွမ်မုန် မသိစိတ်ကြောင့် သူ့ဘော့စ်ဆီ အကြည့်လွှဲလိုက်တော့

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now