52.1

13.7K 2.3K 89
                                    

Unicode

ယွမ်ရွေ့က တစ်ဖက်သို့ ချက်ချင်းလှည့်ကာ ရှီယွင်နန်အား ကြည့်နေသည့် ကုကျွယ်ရဲ့အကြည့်ကို ပိတ်ပစ်ပလိုက်သည်။

သူဟာ ရှီယွင်နန်အား ကျောပေးထားရင်း ကုကျွယ်ဘက်သို့ ရန်လိုသည့် မျက်လုံးများနှင့် စိုက်ကြည့်ကာ တိုးတိုးပြောလိုက်လေသည်။ "သောက်ရူးကောင်၊ ငါ့မုန်လာဥကို လာခိုးဖို့ မကြိုးစားနဲ့။"

ရှီယွင်နန်မှာ ယွမ်ရွေ့ကြောင့် ရယ်မိသွား၏။ သူ့ချစ်သူရဲ့ ဘုမသိဘမသိ မျက်လုံလေးများကို မြင်လိုက်ရသောအခါ၊ သူက ဖြစ်ပျက်ခဲ့သမျှကို လော့လင်းရှန်းအား အသံတိုးတိုးလေးနဲ့ ရှင်းပြလိုက်သည်။

လော့လင်းရှန်းတစ်ယောက် ထိုစကားတွေကြားသောအခါ သူ့မျက်လုံးများက ချက်ချင်း မည်းမှောင်သွားတော့သည်။ "သူတို့ကို စုံစမ်းချင်လား?"

ရှီယွင်နန်က တစ်တန်းတည်းမှာ ထိုင်နေသည့် ကုကျွယ်နှင့် စုန့်မြောင်ခယ့်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများ အနည်းငယ် ဖျက်ခနဲပြောင်းသွားပြီး၊ သူကလော့လင်းရှန်းအား  စကားတစ်ခွန်းတိုးတိုးပြောလိုက်သည်။

ဒါကိုကြားတော့၊ လော့လင်းရှန်းက ဖုန်းဖြင့် မက်ဆေ့ခ်တစ်စောင် အမြန်ပို့လိုက်လေသည်။

တစ်မိနစ်တောင်မပြည့်သေးခင်မှာပဲ၊ ရှေ့တန်းမှာ ထိုင်နေသည့် ချင်ကျန်းကထကာ နားလည်ပါပြီ ဆိုတဲ့ အကြည့်နဲ့ ကြည့်လာပြီးနောက်၊ ခန်းမထဲကနေ အမြန်ထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အစီစဉ်မှူးရဲ့ အဖွင့်စကားက ထွက်လာတော့လေသည်။ ပရဟိတလေလံပွဲရဲ့ လုပ်ငန်းစဉ်မှာ အလွန်ရိုးရှင်း၏-

ပထမဆုံး ပြပွဲပစ္စည်းရှစ်ခုမှာ ချမ်းသာသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ အမျိုးသမီးများမှ လှူဒါန်းထားသည့် သီးသန့် လက်ဆောင်များဖြစ်သည်။ ၎င်းတို့အားလုံးမှာ၊ ပမာဏနည်းသည့် ပြပွဲပစ္စည်းများဖြစ်ပြီး လေလံတင်ရောင်းချသည့် ပမာဏအား ဆင်းရဲနွမ်းပါးသည့်နေရာများတွက် လှူဒါန်းရန် လုံးလုံးလျားလျား အသုံးပြုမည်ဖြစ်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now