55.1

14.3K 2.4K 113
                                    

Unicode

မွှေးကြိုင်နေသည့် အပူငွေ့များက နွေးထွေးလင်းထိန်နေသည့် ထမင်းစားခန်းထဲတွင် တလှိုင်လှိုင်တက်လာသည်။

ထမင်းစားပွဲအလယ်ရှိ၊ မီးသွေးမီးဖိုဟော့ပေါ့ထဲတွင် အသားများ၊ အသီးအရွက်များဖြင့် ပြည့်နှက်နေပြီး သရေကျစရာပင်။

"ဝိုးးးး!  ဟော့ပေါ့၊ ဟော့ပေါ့!  "

ရွှေငါးလေးမှာ စားချင်လွန်းနေတာကြောင့်  သူ့သွားရည်များမှာ မေ့စေ့နား ကျလုမတတ်ဖြစ်နေလေသည်။

ရှီယွင်နန်က ငါးအသားလုံးတစ်လုံးကို တူနှင့် ကျွမ်းကျင်စွာယူလိုက်ပြီး သူအထူးချစ်ရတဲ့ ကလေးလေးပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "လောဘကြီးတဲ့ ကြောင်ပေါက်လေး၊ မစားခင် မှုတ်လိုက်အုံးနော်၊ လျှာမကျက်အောင် ဂရုစိုက်အုံး။"

"ကျေးဇူးပါ ရှောင်ရှူးရှူး၊ ချစ်တယ်နော်!"

လော့လင်းရှန်းက သူ့ရဲ့"အာသွက်လျှာသွက်" တူလေးကို တစ်ချက်ကြည့်လိုက်ကာ  "မင်းကို ဘယ်သူ သင်ပေးတာလဲ? တစ်နေ့လုံး ဒီစကားပဲပြောနေတယ်။"

ရွှေငါးလေးက အသားလုံးတစ်လုံးကို ကိုက်လိုက်ကာ ဗလုံးဗထွေးပြောလာသည်။ "ရှောင်ရှူးရှူးသင်ပေးတာလေ။ ရှူးရှူးကော ခုထိ မသင်ဖူးဘူးလား?"

အရင်တခေါက်၊ ရှီယွင်နန်နဲ့ လော့လင်းရှန်းစကားများတုန်းက သူကို ဒီလိုသင်ခဲ့တယ်လေ—တစ်ယောက်ယောက်ကို ချစ်ရင် ထုတ်ပြောတတ်ရမယ်တဲ့။

"....."

လော့လင်းရှန်းမှာ သူ့တူလေးဆီကနေ စကားတစ်လုံးတည်းနှင့် အမှောက်သိပ်ခံလိုက်ရတာကြောင့် ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားတော့သည်။

ရှီယွင်နန်ရဲ့ ပါးစပ်ထောင့်လေးမှာ အပြုံးတစ်ခု ချိတ်ဆွဲသွား၏။ ဘာကြောင့်မှန်းမသိ ၊ လော့လင်းရှန်းတစ်ယောက် ရွှေငါးလေးရဲ့ ကလေးဆန်ဆန်စကားလုံးလေးနဲ့ သင်ပြခံရတာကို သူတကယ်ပဲ မြင်ချင်မိနေသည်။

သူဘာမှပြန်မပြောလိုက်ဘဲ ချင်ကျန်းဘက်ကိုသာ လှည့်ပြီး မေးလိုက်သည်။ "မွေးနေ့ကိတ်ကော?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now