56.2

13.4K 2.3K 39
                                    

Unicode

ရှီယွင်နန်တို့ နာရီဝက်မပြည့်ခင်မှာပဲ Central ဆေးရုံသို့ ရောက်ရှိသွားကြသည်။ ဖုကျစ်ယွီက သတင်းကြားပြီးနောက် တံခါးနားမှာ စောင့်နေရှာသည်။

"ကျစ်ယွီ ဘယ်လိုဖြစ်တာလဲ?"

ဖုန်းထဲမှာ သေချာမပြောလိုက်ရတာကြောင့် လူချင်းတွေ့သည့်အခါ ဖုကျစ်ယွီက ရှီယွင်နန်ပြောတာမစောင့်ဘဲ အရင်ပြောလိုက်သည်။

"ယွင်နန်၊ စိတ်မပူနဲ့၊ မင်းအစ်ကို ဘာကြီးကြီးမားမား မှ မဖြစ်ဘူး"

"ငါစားပွဲထိုးဆီက ကြားတာတော့ ငါတို့နိုင်ကလပ်ဖွင့်တဲ့အချိန် တန်းရောက်လာတာတဲ့။"

ဧည့်သည်များကို နှင်ထုတ်စရာ အကြောင်းမရှိတာကြောင့်၊ စားပွဲထိုးက ဝမ်ရိပေ သဘောအတိုင်း ထောင့်က စားပွဲလေးမှာ နေရာစီစဉ်ပေးခဲ့သည်။

"မင်းအစ်ကိုက အရက်ကြောင်း သိပ်မသိတော့၊ စာရင်းထဲက အပြင်းဆုံးဝီစကို လာချခိုင်းတာ၊ နောက်ထပ် နှစ်ပုလင်း သုံးပုလင်းလောက်ပါ ထပ်ချခိုင်းသေးတယ်။"

"သူက အရက်သိပ်သောက်နိုင်တဲ့သူမဟုတ်ဘူး။" ရှီယွင်နန် မျက်မှောင်ကြုတ်လိုက်မိသည်။

ဖုကျစ်ယွီလည်း ခေါင်းညိတ်ပြလိုက်သည်။

ပိုင်ရှင်တစ်ယောက်အနေနဲ့၊ သူက နိုက်ကလပ်ကို နေ့တိုင်း တစ်နာရီ နှစ်နာရီလောက် သွားကြည့်လေ့ရှိ၏။

ဒီနေ့ ဒုတိယထပ်က ဧည့်သည်တစ်ယောက် အရက်မူးပြီး သေမတတ် အန်နေတယ်ကြားလို့ သူရောက်ချလာရတာပင်။

ဖုကျစ်ယွီမှာ သူ့နိုက်ကလပ်ထဲ ဧည့်သည်တစ်ဦး မတော်တဆဖြစ်သွားမှာ စိုးရိမ်တာကြောင့်၊ အခြေအနေကို စစ်ဆေးရန် အပေါ်ထပ်သို့ တက်လာသော်၊ တဖက်လူမှာ ဝမ်ရိပေဖြစ်နေခဲ့သည်။

ဝမ်ရိပေ၏ လည်ပင်းမှာ အရက်ကြောင့် နီမြန်းနေသော်လည်း သူ့မျက်နှာကတော့ ဖြူဖျော့နေကာ လက်က ဗိုက်ကိုဖိထားသည်။

"ငါတို့နိုက်ကလပ်မှာသာ မင်းအစ်ကိုတစ်ခုခုဖြစ်သွားရင် မင်းငါ့ကိုအရှင်လတ်လတ် မြိုချမှာစိုးရိမ်လို့ ဆေးရုံအမြန်ပို့လိုက်တာ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now