61

14.5K 2.3K 110
                                    

Unicode

သူတို့ အရင်ကတည်းကတွေ့ဖူးတယ်?

ရှီယွင်နန်မှာ သူ့စိတ်ထဲတွင် ထိုစကားလုံးများကို ထပ်ခါထပ်ခါရေရွတ်လိုက်ပြီး ကြောင်တောင်တောင်ဖြင့် မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ

"ကော၊ အခု ဘာပြောလိုက်တာလဲ?"

သူဇဝေဇဝါဖြစ်နေတာကိုမြင်တော့ ဝမ်ရိပေက မျက်မှောင်ကြုတ်လိုက်မိသွားသည်။ "လော့လင်းရှန်းနဲ့ သူ့သူငယ်ချင်း ငါတို့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပွဲကို လာဖူးတယ်လေ။"

ဆယ့်ရှစ်နှစ်ပြည့်ရင် အရွယ်ရောက်ပြီလို့ သတ်မှတ်လို့ရလေပြီ။

လူအိုကြီးဝမ်မှာ သူ့မြေးလေးတွေ၏ မွေးနေ့ကို အလွန်တန်ဖိုးထားတာကြောင့် ထိုအချိန်က လော့မိသားစုစတုတ္ထအိမ်တော်အပါအဝင် ဖိတ်စာများကို ကျယ်ကျယ်ပြန့်ပြန့်ပို့ပေးခဲ့သည်။

"မစ္စတာလော့နဲ့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် သေချာပေါက် သူလာလည်တာကိုတော့ မှတ်မိတယ်။"

ဝမ်ရိပေက သူမှတ်မိနေတဲ့ ကိစ္စကို ပြန်စဉ်းစားပြီး အဓိက အကြောင်းအရာကိုပြောပြလာသည်။ "ဒါနဲ့၊ မင်း အဲနေ့တုန်းက ဝမ်ချန်းလန်နဲ့ စကားများပြီး တစ်ယောက်တည်း သောက်ဖို့ ထွက်သွားတာမလား?"

ရှီယွင်နန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေလိုက်၏။ 

"အင်း ဟုတ်တယ်။"

အသက်ဆယ့်ရှစ်နှစ်အရွယ်ဆိုသည်မှာ အရွယ်ရောက်ခြင်းကို ကိုယ်စားပြုသည်ဖြစ်တာကြောင့်၊ ထိုအချိန်က သူ့ဘဝတွင် ပထမဆုံးအကြိမ် အရက်သောက်ဖူးခြင်းဖြစ်သည်။

အကျိုးဆက်အနေနဲ့ သူသောက်ခဲ့သည့် ပမာဏကို သူ့ခန္ဓာကိုယ်ကခံနိုင်ရည်မရှိပေ။ ထို့ကြောင့် အရက်သောက်ပြီးနောက် သူမူးပြီး သတိလစ်သွားကာ နောက်တစ်နေ့မှ နိုးလာခဲ့သည်။

"အဲ့တုန်းက ဘာဖြစ်သွားလို့လဲ?"

သူ့ညီလေးရဲ့ ဘုမသိဘမသိမျက်နှာကိုမြင်တော့  ဝမ်ရိပေမှာ သူ့နဖူးလေးကို မခေါက်လိုက်ဘဲ မနေနိုင်တော့။ "နောက် ငါ အရမ်းစိတ်ပူလို့ ခန်းမထဲကနေ လစ်ထွက်လာပြီး မင်းကိုလာရှာခဲ့တယ်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now