62.2

13.4K 2.3K 104
                                    

Unicode

"ကိုယ် မင်းကို ပစ်မထားပါဘူး။"

ရှီယွင်နန်ရဲ့ စကားကို ကြားလိုက်ရတော့ လော့လင်းရှန်းမှာ သူတောင်မသိလိုက်ဘဲ နူးညံ့တဲ့ လေသံလေးဖြင့် ပြန်ဖြေလိုက်သည်။

သူက ရေဘူး အဖုံးကို ဖွင့်ကာ ကမ်းပေးလိုက်ပြီး တစ်လုံးချင်းစီ သေချာပြောလိုက်သည်။

"မသောက်ခင် ပလုတ်ကျင်းလိုက်အုံး။"

"အမ်း။"

ရှီယွင်နန်က သူ့စကားကို လိမ်လိမ်မာမာဖြင့် လိုက်နာပေးသည်။

သူက ပလုတ်ကျင်းပြီးနောက် ရေကို ထွေးထုတ်ရန် မြောင်းဆီသို့ အမြန်ပြေးသွားပြီး ကျန်ရေတစ်ခွက်ကို အကုန် သောက်ချပလိုက်သည်။

ရှီယွင်နန် မူးနေသေးတာကိုမြင်တော့ လော့လင်းရှန်းက သူ့နားသို့ လျှောက်သွားလိုက်ကာ ပြောလိုက်လေသည်။ "အိမ်တော်ထဲပြန်ဝင်ဖို့ ကိုယ့်နောက်ကလိုက်ခဲ့။  ဒုတိယထပ်မှာ ဧည့်သည်အခန်းတွေရှိမှာပဲ။မင်းကိုခေါ်သွားပေဖို့ ကိုယ် စားပွဲထိုးကို သွားရှာပေးမယ်။"

ဝမ်ရိပေက ရှီယွင်နန် အမြွှာဖြစ်တာကြောင့် တစ်ဖက်လူက သူ့ကို ဂရုစိုက်မှာပဲ။

ရှီယွင်နန်က ခဏတာ ဘာစကားတစ်ခွန်းမှ ပြန်မပြောလာခဲ့။ ထို့နောက် သူက လော့လင်းရှန်း လက်ကောက်ဝတ်လေးကို ဆွဲကာ တစ်နေရာသို့ ဦးတည်လိုက်သည်။ "ကျွန်တော် အိမ်တော်ထဲ ပြန်မဝင်ဘူး။ ခင်ဗျားသာ ကျွန်တော်နဲ့ လိုက်ခဲ့။"

လော့လင်းရှန်းက ရှီယွင်နန်လို အရက်မူးနေသည့်သူကို ခုခံစရာလိုမနေပေ။ သူက ထိုနေရာမှာပဲ နှစ်စက္ကန့် သုံးစက္ကန့်လောက်ရပ်နေပြီးနောက်၊ နောက်ဆုံးတွင် သူဦးဆောင်သည့် ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

မိနစ်ဝက်လောက်ကြာသည့်အခါ၊ ရှီယွင်နန်က သူ့အား အိမ်တော်ခြံထောင့်က သစ်သားကွပ်ပျစ်ဆီသို့ ခေါ်သွားလေသည်။

လေဟာပြင် သစ်သားကွပ်ပျစ်လေး၏ ကြမ်းပြင်ပေါ်တွင် ဝီစကီပုလင်းမှာ တစ်ဝက်ခန့် ကျန်နေသေး၏။ သိသိသာသာကိုပင် ဒီနေရာမှာ ရှီယွင်နန် ခန်းမထဲက ထွက်ပြေးလာပြီးနောက် လာပုန်းနေသည့် လျှို့ဝှက်နေရာလေး ဖြစ်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now