64.1

13.2K 2.2K 71
                                    

Unicode

ရှီယွင်နန်တစ်ယောက် ရွှေငါးလေးနှင့်အတူ ဆေးကုသရေးဌာနသို့ ရောက်ရှိလာသောအခါ၊ မိုးက တဖန် ပြန်သည်းလာပြန်၏။

ပဲစိအရွယ် မိုးရေစက်များက ပြတင်းပေါက်ကို ရိုက်ခတ်နေကာ ကျယ်လောင်သည့်အသံများဖြင့် ဆူညံနေသည်။

ရှီယွင်နန်က ရွှေငါးလေးလက်ကို လွှတ်လိုက်ပြီး မိုးစိုနေသည့် သူဆံပင်လေးတွေကို ခါလိုက်သည်။ "တော်သေးတယ်၊ မိုးမသည်းခင် ဆေးရုံကို အမြန်လာလိုက်လို့။ မဟုတ်ရင် ကျွန်တော်နဲ့ ရွှေငါးလေး ထီးပါတာတောင် ကြွက်စုတ်ဖြစ်သွားမှာ။"

လော့လင်းရှန်းက ရေချိုးခန်းထဲမှ သန့်ရှင်းသည့် မျက်နှာသုတ်ပုဝါကို ထုတ်ကာ သူ့ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာပါအုံး"

ရှီယွင်နန်က ပြုံးကာ သူ့အနားသို့မှီလိုက်ပြီး လော့လင်းရှန်း ရေသုတ်ပေးနေတာကို ငြိမ်ခံနေလိုက်လေသည်။ "ပင်ပန်းနေလား? ဘာလို့နည်းနည်းကြာကြာမအိပ်​လိုက်တာလဲ?"

"မျက်လုံးမှိတ်နေရင်း အရေးပေါ်ဖုန်းဝင်လာလို့ နိုးသွားတာ။" လော့လင်းရှန်းက ပြန်ဖြေရင်း

သူ့မျက်လုံးထောင့်ကနေ ကိုယ့်အားကိုယ် ကိုးပြီး မျက်နှာကို မျက်နှာသုတ်ပဝါလေးနဲ့သုတ်နေသည့် သူ့တူလေးကို လှမ်းကြည့်လိုက်သည်။

ရှီယွင်နန်က အလုပ်မှာ တစ်ခုခုဖြစ်နေတယ်ထင်ကာ မျက်မှောင် ကြုတ်လိုက်မိသည်။  "ဒီအချိန်ကြီး ဘယ်သူက ခင်ဗျားကို နှောက်ယှက်ရတာလဲ?"

ရွှေငါးလေးကတော့ သူ့ရှောင်ရှုရှူနောက်ကွယ်မှာ သတင်းပေးခဲ့မိတာကြောင့် အနည်းငယ် လိပ်ပြာမလုံသလို ဖြစ်နေရှာလေသည်။

ရှီယွင်နန်၏ ပေါ့ပေါ့ပါးပါး မေးလိုက်သည့် စကားလေးကို ကြားသည့်အခါ၊ သူ့မျက်နှာလေးက နီရဲလာပြီး အကူအညီတောင်းရန် လော့လင်းရှန်းကို စိုက်ကြည့်လိုက်၏။

လော့လင်းရှန်းက မသိမသာ ပြုံးလိုက်ကာ "ရပါတယ်၊ ကိုယ်က ဒီတိုင်း ညနေဆို စောစော အနားယူဖို့ လိုနေရုံလေးပါ။"

"ရွှေငါးလေး ဒီကိုလာပါအုံး" ရှီယွင်နန်က မျက်နှာလေးနီရဲနေသည့်  ရွှေငါးလေးကို ကြည့်လိုက်ကာ ပြောလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now