74.1

11.9K 1.9K 55
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာပဲ တနင်္ဂနွေနေ့သို့ ရောက်လာလေပြီ။

မော့ရွှမ်ချီ နှင့် လော့ယန်ချွမ်းစေ့စပ်ပွဲကို အင်ပါယာမြို့တော်ရှိ အကြီးဆုံးဟိုတယ်ကြီးတွင် ကျင်းပထားသည်။ ပွဲအားသားသားနားနားစီစဉ်ထားတာကြောင့် ဒီနှစ်နှစ်အတွင်း အင်ပါယာမြို့တော်၏ အခမ်းနားဆုံးပွဲလို့တောင် ဆိုလို့ရနိုင်လေသည်။

ရှီယွင်နန် ဟိုတယ်အဝင်ဝသို့ ရောက်သည့်အခါ ကောလာဟလများက တကယ့်ကို အမှန်ပင်ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ဟိုတယ်အဝင်ဝကနေစပြီး အပြာရောင်ဖြင့်သာ အလှဆင်ထား၏။ အပွင့်တစ်သောင်းလောက်ရှိသည့် နှင်းဆီအပြာတွေဟာ တတိယထပ်ရဲ့စေ့စပ်ပွဲခန်းမထိရောက်သည့်ခရုပတ်လှေကားအတက်အဆင်းကို ပတ်ရံထားသည်။

ဒါတင်မကသေးပါ။ သုံးမီတာအကွာတိုင်းမှာလည်း တောက်တောက်ပပစိန်ကျောက်များဖြင်စီခြယ်ထားသည့် မီးဆိုင်းက ရှိနေသေး၏။ စိန်များမှ ဖြာထွက်နေသည့် အလင်းတန်းများဟာ တကယ့်ကို တဖျက်ဖျက်လက်နေပြီး အိမ်မက်ထဲမှ ရှူခင်းများအတိုင်းပင်။

"အင်အားကြီး မိသားစုနှစ်စုရဲ့ စေ့စပ်ပွဲဆိုတော့ သန်းပေါင်းများစွာ ကုန်ကျလောက်မှာပဲနော်?" ရှီယွင်နန်က လော့လင်းရှန်း ဝီးချဲလ်လေးကို တစ်ဖက် ဓာတ်လှေကားဆီသို့ တွန်းသွားပေးလိုက်၏။

ချင်ကျန်းနှင့် ယွမ်မုန်လည်း နောက်ကလိုက်လာကာ ဓာတ်လှေကားထဲသို့ တူတူဝင်လိုက်ကြသည်။

ချင်ကျန်းက ခလုတ်ကိုနှိပ်လိုက်ရင်း ရှီယွင်နန် မေးခွန်းကို ချက်ချင်းပင်ပြန်ဖြေလာပေးသည်။ "ကျွန်တော်ကြားတာတော့ ဒုတိယအိမ်တော်က ဒီစေ့စပ်ပွဲအတွက် သန်း၃၀လောက်သုံးထားတယ်တဲ့။ တစ်ဖက်က သမီးရှင်တွေဖြစ်တဲ့ မစ္စတာ​မော့နဲ့ မစ္စဖန်းယာဘက်ကတော့ တပြားမှ မပေးရဘူး။"

"ကျစ် ကျစ် သူတို့က စေ့စပ်ပွဲလေးအတွက်တောင် အများကြီး အကုန်ခံတာပဲ။ ကြည့်ရတာ ဒီတခေါက် လော့မိသားစု ဒုတိယအိမ်တော် ပိုက်ဆံတော်တော် ကုန်သွားမှာပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now