78.2

12.1K 2K 56
                                    

Unicode


အံ့အားသင့်နေသည့် အသံလေးထွက်သွားပြီးသည်နှင့် သူဟာ တဟုန်ထိုး ပြေးသွားတော့လေသည်။

"ယွမ်ရွေ့!" ရှီယွင်နန်ကတော့ သူတီးတိုးရေရွတ်သံလေးကိုကြားမိသွားပြီး တစ်ခုခု ဖြစ်နေပြီဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။

သူက လော့လင်းရှန်းကို ကြည့်လိုက်ပြီး အကြည့်နှင့်တောင်းဆိုလိုက်ပြီးနောက် သူ့နောက်သို့ အမြန် လိုက်သွားလိုက်သည်။

ယွမ်ရွေ့က ဆိုင်ခန်းများနောက်ဘက်သို့ လှည့်ပတ်ပြေးသွားသည်ကို ရှီယွင်နန် မြင်လိုက်ရ၏။ သူမှီတော့မယ့် အချိန်မှာပဲ အလောတကြီး ဘရိတ်အုပ်သံကို ကြားလိုက်ရလေသည်။

ကျွီ!

ဘယ်ဘက်အခြမ်းရှိ ဈေးဆိုင်ပိုင်ရှင်များ တပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး အံ့သားသင့်သွားကြ၏။

ရှီယွင်နန် ရုတ်တရက် မှင်သက်သွားပြီး အခြေအနေကို ကြည့်ရန် လူအုပ်ကြီးကို ချက်ချင်းတွန်းဖယ်လိုက်သည်။

ဆိုင်ခန်း နောက်ဘက်ရှိ လမ်းတွင် ယွမ်ရွေ့မှာ မီတာအနည်းငယ် အကွာအဝေးတွင် ဆိုင်ကယ်ဖြင့် တိုက်ခံထားရပြီး တုတ်တုတ်မျှမလှုပ်တော့ပေ။ သူမျက်နှာမူနေသည့် လမ်းကြားထဲမှာတော့​ တရင်းတနှီး မြင်ဖူးနေသည့် လူက ကျောခိုင်းရပ်နေလေသည်။

ရှီယွင်နန် မျက်မှောင်ကြုတ်ကာ အော်လိုက်တော့သည်။  "လုကျောက်အန်း! ခင်ဗျား ယွမ်ရွေ့ကို ဒီလိုပဲ တစ်ယောက်တည်း ထားခဲ့တော့မလို့လား?"

သူပြောပြီးသည်နှင့် မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင်လဲကျနေသည့် ယွမ်ရွေ့က ထလာ၏။

သူ့နဖူးမှာတော့ ခြစ်ရာ ရသွားပြီး ထိုခြစ်ရာမှ သွေးတွေဟာ သူ့ပါးပြင်ပေါ် စီးကျလာသည်။

သူ့အင်္ကျီ ဘောင်းဘီမှာ ကတ္တရာနှင့် ပွန်းတိုက်သွားတာကြောင့် ဆုတ်ပြဲနေပြီး တကိုယ်လုံး အနီရောင်သမ်းနေလေသည်။

"ယွမ်ရွေ့"

ရှီယွင်နန် စိုးရိမ်တကြီး ပြေးသွားလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now