79.1

9.9K 1.9K 18
                                    

Unicode

"တောင်းပန်ပါတယ် ရှုရှု ဝူးဝူး သားမေမေပေးခဲ့တဲ့ ဆွဲကြိုးလေးပျောက်သွားပြီ...သား မရည်ရွယ်ပါဘူး..."

ရွှေငါးလေးက သူ့မျက်ရည်လေးတွေကို သုတ်ရင်း တောင်းပန်နေ၏။ ဆွေမျိုးရင်းချာဖြစ်သည့် လော့လင်းရှန်းနဲ့ ရှီယွင်နန်တို့ပါမက ဒီသနားစရာကလေးလေးကို မြင်တဲ့သူတိုင်း ဝမ်းနည်းမိကြမှာပင်။

လော့လင်းရှန်း မျက်မှောင်ကြုတ်မိသွားသည်။

သူ့အစ်မနှင့် ယောက်ဖတို့ မမျှော်လင့်ဘဲ ဆုံးပါးသွားသောကြောင့် သူကသာ ရွှေငါးလေးအား သားအရင်းအဖြစ် စောင့်ရှောက်ခဲ့ရသည်။ ကလေးဘဝကနေ  အခုထိ စည်းကမ်းတင်းကျပ်ခဲ့သော်လည်း အမြဲဂရုတစိုက် အကာအကွယ်ပေးခဲ့သည်။ ဘယ်တုန်းကမှ ဒီလို ဒဏ်ရာမျိုး မရခဲ့ဖူးပါ။

နဖူးလေးမှာ နီရဲနေပြီး ရောင်ရမ်းနေကာ သွေးစို့နေသည်ကို ကြည့်တာနဲ့တင် ပေါ့ပေါ့သေးသေးဒဏ်ရာမဟုတ်မှန်း သိနိုင်သည်။

ရှီယွင်နန်လည်း စိတ်မကောင်းဖြစ်နေမိသည်။

သူက ရွှေငါးလေးကို တင်းတင်းကကြပ်ကြပ်ပွေ့ဖက်ပေးထားရင်း ချော့မြူနေလိုက်၏။  "မငိုနဲ့တော့နော် ပေါင်ပေ့။ နဖူးကို ဆေးထည့်ပြီး အင်္ကျီလဲကြမယ်နော်။ မင်းရှုရှုနဲ့ ရှောင်ရှုရှုက ဆွဲကြိုးသွားပြန်ယူပေးမယ် ဟုတ်ပြီလား?"

ရွှေငါးလေးလည်း သူ့အဝတ်အစားတွေမှာ ရွှံ့ပေနေမှန်း ခုမှ သတိပြုမိသွားသည်။ သူက ရှီယွင်နန် အင်္ကျီ ညစ်ပတ်သွားမှာစိုးကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်၏။

သူက နှာခေါင်းရဲရဲလေးဖြင့် ရှိုက်လိုက်ပြီး သူခေါင်းလေးကို ခါပြလာသည်။ "သား မနာပါဘူး။ သားဆွဲကြိုးပဲ အရင်ပြန်သွားယူချင်တယ် ရှုရှု၊ သားမေမေပေးခဲ့တဲ့ ဆွဲကြိုးလေး... ဝူးဝူး..."

သူကပြောနေရင်း ဒေါသထွက်လာပြီး ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်။ သူ့ရှုရှုနဲ့ ဖိုးဖိုးချင်ကသာ သေချာရှင်းရှင်းလင်းလင်း မပြောပေမယ့် သူနားလည်ခဲ့တာကြာပါပြီ-

သူက တခြားကလေးတွေနဲ့ မတူဘူး။ သူ့မှာ မိဘတွေ မရှိတော့ဘူး။ သူမွေးကတည်းက လည်ပင်းမှာ ဆွဲထားခဲ့တဲ့ ဆွဲကြိုးလေးဟာ သူ့မိဘတွေပေးခဲ့တဲ့ လက်ဆောင်ပါ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now