80.1

11.4K 2K 51
                                    

Unicode

လော့လင်းရှန်း၏ မျက်လုံးများမှာ မည်းမှောင်နေ၏။ သူက ဟန်ချက်ထိန်းရင်း သူ့ရှေ့က သူစိမ်းကို စိုက်ကြည့်လိုက်သည်။ "မင်းသူတို့ကို ထပ်ထိရဲထိကြည့်လိုက်လေ"

ဝှီးချဲလ်ပေါ်မှာ ထိုင်နေသည့်ပုံနှင့် ယှဉ်ရင် လော့လင်းရှန်းအရပ်မှာ 1.9မီတာနီးပါးလောက်ရှည်တာကြောင့် လူများအား ခြိမ်းခြောက်ဟန့်တားသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

အရပ်ရှည်ရှည် သန်မာထွားကြိုင်းသည့် ယောကျ်ားမှာ သူ့အရှိန်အဝါကြောင့် လန့်သွားပြီး တံတွေးမမျိုချလိုက်ဘဲ မနေနိုင်တော့။ သူက သံတုတ်ကိုကိုင်ကာ လျှောက်လာရင်း စိတ်ကိုထိန်းကာ စိတ်ရိုင်းပြန်ဝင်အောင် ကြိုးစားလိုက်သည်။

သူက ကျိန်ဆဲလိုက်ပြီး သံတုတ်ကို ဝှေ့ယမ်းကာ ခြိမ်းခြောက်လိုက်၏။."မင်းတို့က ပိုက်ဆံနည်းနည်းပဲရှိတဲ့ ကပ်စီးနည်း သူဌေးတွေပဲ။ သေရမှာ မကြောက်ကြဘူးလားကွ?"

မျက်စိတမှိတ်အတွင်းမှာပဲ လော့လင်းရှန်းက သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် လက်မောင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသည့် လော့လင်းရှန်းဟာ သာမန်လူတွေထပ် ပိုသန်မာလေသည်။ သူက ထိုလူ၏ လက်ကောက်ဝတ်ကို ခေါက်လိမ်လိုက်ပြီး သံတုတ်ကို အခြား လက်တစ်ဖက်ဖြင့် ဆွဲလိုက်သည်။

-ဘန်း!

သံတုတ်က ထိုအရပ်ရှည်ရှည်နှင့် လူ၏ လည်ပင်းကို ထိမှန်သွား၏။

တစ်ဖက်လူမှာ နောက်သို့ ခြေလှမ်းပေါင်းများစွာဆုတ်လိုက်ပြီး ကိုယ်ကိုကွေးကာ မြေကြီးပေါ်သို့လဲကျသွားတော့သည်။ သူ ပါးစပ်ဟပြီး ဆဲရေးတိုင်းထွာချင်သော်လည်း အင်းအားရှိမနေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ပြောင်းလဲသွားလေသည်။

"ရှောင်ရှုရှု"

ရှီယွင်နန် ရင်ခွင်ထဲတွင် ပုန်းနေသည့် ရွှေငါးလေးမှာ ကြောက်လန့်သွားပြီး သူ့ရှောင်ရှုရှု၏ အင်္ကျီစလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိနေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now