Extra-15( အကယ်၍)

5.4K 789 19
                                    

Unicode


ဆောင်းရာသီအားလပ်ရက်အပြီးမှာတော့ ရှီယွင်နန် တစ်ယောက် များပြာလှသည့် ကျောင်းစာပုံတွေကြား ပြန်နစ်ဝင်သွားရလေသည်။

ဝင်ခွင်နှုန်း တိုးတက်ရေးအတွက် အင်ယာပါတက္ကသိုလ်အထက်တန်းကျောင်းတွင် နှစ်ရက်တစ်ကြိမ် အစမ်းစာမေးပွဲနှင့် သုံးရက်တစ်ကြိမ် စာမေးပွဲအစဉ်ကြီးကို စီစဉ်ပေးထားသည်မှာ ကျောင်းသားများအတွက် ပြည့်ကြပ်နေသည့် အချိန်ဇယားကြောင့် မူးဝေသွားနိုင်စေ၏။

ရှီယွင်နန် ကျောင်းဂိတ်မှထွက်လာသည့်အခါ လော့လင်းရှန်းကလည်း ကားကိုရပ်ထားလျက် စောင့်ဆိုင်းနေလေပြီ။

ရှီယွင်နန် ကားထဲသို့အမြန်ဝင်ကာ လော့လင်းရှန်း၏ လက်မောင်းလေးအား မိန်းမောစွာ ပွတ်သပ်လိုက်သည်။ "နောက်ဆုံးတော့ သောကြာနေ့ထပ်ရောက်လာပြီ။ ကျွန်တော်အရမ်းပင်ပန်းတာပဲ။"

လော့လင်းရှန်း သူ့ကျောလေးကို ပြန်ပွတ်သပ်ပေးရင်း ပြောလိုက်၏။ "စနေ၊ တနင်္ဂနွေကျရင် အိပ်ရေး ဝဝအိပ်လိုက်နော်။"

"အွန်း"

Revisionများကို အကုန်ဆက်တိုက်လုပ်ပြီးသွားတာကြောင့် ယခုချိန် သူ၏ စာမေးပွဲရမှတ်များမှာ တော့ပ်ဖိုက်ထဲတွင် တည်မြဲနေသေး၏။ ပုံမှန်အတိုင်း ဆက်လုပ်နေသရွေ့ သူ့ရွေးချယ်ထားသည့် တက္ကသိုလ်ကို ဝင်နိုင်မှာ အသေအချာပင်။

စာသင်ခန်းတစ်ခုလုံးမှာ ပြည့်ကြပ်သည့် Revision အခြေအနေထဲရောက်ရုံသာမက တစ်ပတ်လုံး စာသင်နေသည့် အငွေ့အသက်ကြောင့် ရှီယွင်နန်တစ်ယောက် ပိတ်ရက်တွင် သူ့ကိုယ်သူ အနားပေးရန် အမှန်တကယ် လိုအပ်နေလေပြီ။

ရှီယွင်နန်က မျက်နှာလေးကိုမော့ကာ ပြုံးနေလျက်

"ကျွန်တော်အားပြည့်သွားအောင် နမ်းပေးပါဦး။"

လော့လင်းရှန်း ရယ်မိသွားပြီး သူ၏ အေးမြနေသည့် နှုတ်ခမ်းလေးကို ဖမ်းဆုပ်လိုက်သည်။

သူတို့မှာ ကျောင်းအနီးရှိ ကားရပ်သည့်နေရာ၌ ရှိနေကြပြီး တခါတလေ ကျောင်းသားများ ဖြတ်သွားတတ်တာကြောင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်စေရန် လော့လင်းရှန်းမှာ သိပ်မရဲတင်းရဲ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now