Extra-16 (အကယ်၍)

4.4K 737 24
                                    

Unicode

တစ်လအကြာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးမှာ အချိန်ဇယားအတိုင်း ကျရောက်လို့လာ၏။

ရှီယွင်နန်တစ်ယောက် စာမေးပွဲဖြေပြီးနောက်မှာတော့ ဒီနှစ်အတွက် ဖိအားလုံးကြီးမှာ နောက်ဆုံးတော့ ပြေလျော့သွား​တော့သည်။ သူ့အတွက် ကျောင်းတက်ရသည့် ဖိအားမရှိတော့သော်လည်း လော့လင်းရှန်း၏ နေ့စဉ်အလုပ်မှာတော့ ဆက်လက်လုပ်ဆောင်နေရဆဲပင်။

နှစ်ယောက်သားမှာ မနှစ်က နွေရာသီကဲ့သို့ပင် မနက်ပိုင်းနှင့် ညနေမှသာ ဆုံကြရ၏။

ရေနွေးငွေ့များဖြင့် ပြည့်နေသော ရေချိုးခန်းထဲတွင်—

ရေချိုးပြီးသွားသည့် ရှီယွင်နန်တစ်ယောက် ဘေစင်တွင်မှီကာ သူ့ဖုန်းထဲရှိ ဗွီဒီယိုကိုသာ အာရုံစူးစိုက်နေသည်။

"...."

နားကြပ်ထဲတွင် ညည်းညူးသံများဖြင့်သာ ပြည့်နှက်နေပြီး ဗွီဒီယိုထဲတွင်တော့ နိုင်ငံခြားသားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ကာ လုံးထွေး ရစ်ပတ်နေကြ၏။

ဤဗွီဒီယိုမှာ နိုင်ငံခြားရှိ သူငယ်ချင်းထံမှ ရှီယွင်နန် တောင်းဆိုထားသော တားမြစ်ဗွီဒီယိုဖြစ်လေသည်။ ရည်ရွယ်ချက်ကတော့ သေချာပေါက် သူ၏ လက်တွေ့လေ့ကျင့်ခန်းတွင် အသုံးပြုနိုင်ဖို့ပင်။

ရုတ်တရက် နားကြပ်အပြင်မှ ခပ်လွင့်လွင့် ရယ်သံလေးကို ကြားလိုက်ရ၏။

ရှီယွင်နန် မော့ကြည့်လိုက်သည့်အခါ မှန်ထဲမှ တဆင့် လော့လင်းရှန်း၏ မျက်နှာအား မြင်လိုက်ရတာကြောင့် သူအလွန်လန့်ဖျတ်သွားကာ ဖုန်းပင် ဘေစင်ထဲသို့ ကျသွားတော့လေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းသည့် အခန်းကလည်း ထိုအချိန်မှသာ ဖုန်းစရင်ပေါ်တွင် ပေါ်လာ၏။

ရှီယွင်နန်တစ်ယောက် မှန်ထဲမှ တဆင့် လော့လင်းရှန်းနှင့် အကြည့်ဆုံသွားလေသည်။ ရေနွေးဖြင့်ချိုးထားသည့်အတွက်ကြောင့် နဂိုကတည်းက နီမြန်းနေသော အသားရည်လေးမှာ အပူချိန်မြင့်တက်လာသည်နှင့်အမျှ တစ်ကိုယ်လုံး နီရဲတွတ်လာတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now