Extra-17 ( END )

7K 960 75
                                    

Unicode

လော့လင်းရှန်းတစ်ယောက် လော့မိသားစု၏ အာဏာရရှိရေးအတွက် ရေဝဲလမ်းကြောင်းအတွင်းထဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ သူဘယ်တော့မှ နောက်ပြန်မဆုတ်ခဲ့ပါချေ။

သူဟာ အရင်ကတည်းကပင် လော့မိသားစုအကြီးအကဲ၏ အချစ်ဆုံး မြေးလေးဖြစ်၏။ အရင်တုန်းကတော့ သူ ဝင်မတိုက်ခိုက်ခဲ့။ သို့သော် ယခု  သူ့ချစ်သူနှင့် နှောင်ကြိုးရစ်တွယ်ပြီးနောက်မှာတော့ သူ၏ ရည်ရွယ်ချက်၊ ဗျူဟာ၊ ထိန်းချုပ်ထားသည့် နည်းလမ်းတွေအား ပြသလိုက်လေပြီ။

နောက်ဆုံးမှာတော့ သူ့ဘဝတလျှောက်လုံး အင်အားကြီးခဲ့သည့် လော့မိသားစုအကြီးအကဲမှာ ၉၇နှစ်အရွယ်တွင် ဆုံးပါးသွားတော့သည်။

ပထမအိမ်တော် တမိသားစုလုံးကတော့ ဒီအခြေအနေကို စောင့်ဆိုင်းနေခဲ့ကြတာ ကြာခဲ့ပြီဖြစ်၏။ သူတို့က အကြီးအကဲသေသွားသည့် နေ့မှာပင် မိသားစုခေါင်းဆောင်ရာထူးအားဆက်ခံရန်အတွက် "အကြီးဆုံးသား၊ အကြီးဆုံးမြေး"ဆိုသည့် လုပ်ပိုင်ခွင့်ကို အသုံးချခဲ့ကြသေးသည်။

သို့သော်လည်း သူတို့မျှော်လင့်ချက်၏ ဆန့်ကျင်ဘက်အနေဖြင့်၊ လော့လင်းရှန်းက အကြီးအကဲလော့၏ ကိုယ်ပိုင်ရှေ့နေအား ခေါ်လာကာ ရှယ်ယာရှင်အားလုံးရှေ့မှာတင် လူအိုကြီး၏ လျှို့ဝှက်သေတမ်းစာအား ဖတ်ပြစေခဲ့လေသည်။

တိုင်ပွဲမီးခိုးများ လေထုထဲသို့ အပြည့်အဝမပြန့်မှီ လော့လင်းရှန်းတစ်ယောက် အေးအေးဆေးဆေး အနိုင်ရရှိခဲ့၏။

ထိုအဖြစ်အပျက်ပြီးသွားသည်နှင့် ချက်ချင်း ပထမအိမ်တော်ရှိလူတွေ၏ ဆန္ဒပြမှုမှာ အထွတ်အထိပ်ထိပင် ရောက်ရှိလာခဲ့ကြသည်။

သူတို့က ရှယ်ယာရှင်အစည်းအဝေးတံခါးအား ဆောင့်ပိတ်ပြီး ထွက်လာသည်နှင့်ချက်ချင်း လော့လင်းရှန်း ရာထူးမှ နှုတ်ထွက်ရန် တတိယအိမ်တော်၊ ဒုတိယအိမ်တော်တို့နှင့်ပေါင်းရန် တိတ်တဆိတ်ကြံရွယ်ခဲ့ကြ၏။

ကျန်သည့်နှစ်အိမ်ထဲရှိ တစ််အိမ်မှာတော့ လိပ်ကဲ့သို့ အခွံထဲတွင်သာ ဝပ်နေပြီး ကျန်တစ်အိမ်မှာတော့ လော့လင်းရှန်း၏ အင်အားကြီး မဟာမိတ်ဖြစ်သူ လော့ရုန်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားခဲ့ကြသည်။

🎉 You've finished reading ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက် 🎉
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now